ပေါက်ခေါင်းမြို့နယ်တွင် ခရမ်းကြွပ်သီးများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိပြီး အကျိုးအမြတ်ရ

         ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စုတွင် သီးနှံမျိုးစုံစိုက်ပျိုး အောင်မြင်ဖြစ်ထွန်း လျက်ရှိရာ လေးကြီးကျေးရွာတွင် ခရမ်းကြွပ်သီးများကို ရာသီမရွေး တစ်နှစ်ပတ်လုံး မိသားစုတစ်ပိုင် တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ခရမ်းကြွပ်သီးစိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်ပြီး တစ်လခွဲသားအရွယ်တွင် စိုက်ပျိုးရ ကြောင်း၊ စိုက်ပျိုးပြီး နှစ်လခွဲ/ သုံးလခန့်အကြာတွင် အသီးများကို စတင်ခူးဆွတ်ရကြောင်း၊ ခရမ်းကြွပ် သီးကို အခြားသီးနှံများနှင့် ရောနှော၍ တောင်သူတစ်ဦးလျှင် ၀.၂၅ ဧက စိုက်ပျိုးကြကြောင်း၊ ခရမ်းကြွပ် သီး ၀.၂၅ ဧကတွင် အပင်ပေါင်း ၂,၀၀၀ ခန့် စိုက်ပျိုးနိုင်ပြီး မျိုး၊ သွင်းအားစု၊ အလုပ်သမားခအပါအဝင် ငွေကျပ် ၅ သိန်းခန့် ကုန်ကျကြောင်း၊ ခရမ်းကြွပ်သီးကို ၃ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ်ခူး ဆွတ်လျှင် အလုံးရေ ၈,၅၀၀ ခန့်ထွက်ရှိရာ  တစ်လခွဲခန့်အထိ ခူးဆွတ်နိုင်သည့်အတွက် စုစုပေါင်းအလုံး ရေ ၁၂၇,၅၀၀-၁၂၈,၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ခရမ်းကြွပ်သီး တစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၁၀ နှုန်းဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအရောက် လာရောက်ဝယ်ယူ၍ အခြား မြို့နယ်များသို့ တင်ပို့ရောင်းချကြ ကြောင်း၊ ခရမ်းကြွပ်သီး ၀.၂၅ ဧက စိုက်ပျိုးလျှင် ငွေကျပ် ၇၇၅,၀၀၀ ကျပ် အမြတ်ရရှိကြောင်း၊ ခရမ်းကြွပ်သီးကို တောင်သူများအနေဖြင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင် ပြီး အကျိုးအမြတ်ရသော သီးနှံဖြစ်သည့်အတွက် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

DOCA (ပဲခူး)