အထက်မင်းလှမြို့၌ ဆောင်းသီးနှံပဲတီစိမ်းများ စတင်ထွက်ပေါ်၍ ဈေးကောင်းရ

           မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ အမှတ် - ၆ ရပ်ကွက်ရှိ တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်းသီးနှံများကို လည်း စုစုပေါင်း ဧက ၃၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

          ပဲတီစိမ်းသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလ၊ ဒုတိယပတ်တွင် စတင်ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ဘုံခုနှစ်ဆင့်ပဲတီစိမ်း(အကြီးမျိုး)များကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုး ၆ ပြည်ခန့်ကုန်ကျကြောင်း၊ ပဲတီစိမ်းစိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ အစေ့ချ စနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစုစရိတ်၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၃၅၀,၀၀၀ ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၀-၁၁ တင်းခန့် ထွက်ရှိပြီး တစ်တင်းလျှင် ငွေကျပ် တစ်သိန်းခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အတွက် ငွေကျပ် ၈ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် မကွေးမြို့နှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ် တွင် ပဲတီစိမ်းအထွက်နှုန်း ပိုမိုထွက်ရှိသည့်အပြင် ဈေးနှုန်းကောင်းမွန်သည့်အတွက် ပဲတီစိမ်းစိုက် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA (မကွေး)