အထက်မင်းလှမြို့နယ်၌ ပဲနက် (ခေါ်) မောင်မခေါ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ဇီးတောကျေးရွာ၌ လယ် ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲနက် (ခေါ်) မောင်မ ခေါ်ပဲသီးနှံကို စိုက်ဧက ၄၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ပဲနက်(ခေါ်)မောင်မခေါ်ပဲသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ၅ လ အကြာ တွင် ခူးဆွတ်ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် ပဲနက်(ခေါ်)မောင်မခေါ်ပဲမျိုး တစ်တင်းခန့်ကုန်ကျကြောင်း၊ မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၃ သိန်းခန့် ကုန်ကျကြောင်း သိရသည်။
ယခင်နှစ်က ပဲနက်တစ်ဧကလျှင် ၁၅ တင်းခန့် ထွက်ရှိပြီး တစ်တင်းလျှင် ငွေကျပ် ၈၀,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ငွေကျပ် ၉ သိန်းခန့် အမြတ်ရရှိခဲ့ကြောင်း၊ ဒီဇင်ဘာ လ၊ တတိယပတ်တွင် ပဲနက်(ခေါ်) မောင်မခေါ်ပဲ တစ်တင်းလျှင် ငွေကျပ် ၈၈,၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ တင်ပို့ ရောင်းချကြ ကြောင်း သိရသည်။ ယခုအချိန်တွင် ရာသီဥတုကောင်းမွန်၍ ပဲနက်(ခေါ်)မောင်မခေါ်ပဲ စိုက်ခင်း များမှာ အသီးအပွင့်များ ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံထွက်ပေါ်ချိန်တွင် အထွက် နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲနက်စိုက် တောင်သူတစ်ဦးထံမှသိရသည်။
DOCA (မကွေး)