ကျောက်ဆည်မြို့နယ်တွင် ကုလားပဲသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

          မန္တလေးတိုင်းဒေသကြီး၊ ‌ကျောက်ဆည်မြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံ၍ စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲ(ဆောင်း)သီးနှံကိုလည်း စိုက်ပျိုး လျက်ရှိပြီး ကျောက်ဆည်မြို့နယ်တွင် ၃၀,၀၉၈ ဧက၊  စဉ့်ကိုင်မြို့နယ်တွင် ၉,၅၁၇ ဧက၊  မြစ်သားမြို့ နယ်တွင် ၂၁,၃၆၀ ဧက၊ စုစုပေါင်းစိုက်ဧက ၆၀,၉၇၅ ဧကစိုက်ပျိုးထားကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

          ကုလားပဲ(ဆောင်း)သီးနှံကို  အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် အများဆုံးစိုက်ပျိုးကြပြီး သီးသန့်စိုက်ပျိုးမှုနှင့် သီးထပ်စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြကြောင်း၊ ကုလားပဲ(V2)မျိုးနှင့် ရိုးရိုးကုလားပဲ လုံး‌သေးမျိုးများကို စိုက်ပျိုးကြပြီး ကုလားပဲ(V2)မျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့တစ်တင်းခွဲခန့်နှင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းငွေကျပ် ၃၀၀,၀၀၀ ခန့်ကုန် ကျကြောင်း၊ ယခုအချိန်တွင် ကုလားပဲသီးနှံစိုက်ခင်းများမှာ အသီးအပွင့်ဝေဝေဆာဆာဖြင့် အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး ကုလားပဲသီးနှံများထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းများကောင်းမွန်ပါ က အမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရ သည်။

DOCA (မန္တ‌လေး)