မြစ်သားမြို့နယ်တွင် ဆောင်းပဲကြီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ တောင်တောကုန်းရွာ၊ မြသုခ၊ ကံဆည်နှင့် ခင်လည်ကျေးရွာတို့တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆောင်းပဲကြီးများကို စိုက်ဧက ၂၄၀ ခန့်စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ပဲကြီးသီးနှံကို အောက်တိုဘာလ၌ စတင်စိုက်ပျိုးပြီး ၃ လအကြာတွင် စတင်ရိတ်သိမ်းရ ကြောင်း၊ ပဲကြီးစိုက်ပျိုးရာတွင် ဘောင်စနစ်ဖြင့် စိုက်ပျိုးကြပြီး သီးသန့်စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုး မှုဟူ၍ စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ အလုပ်သမားခ အပါအဝင် ပဲကြီးတစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၅ သိန်း ခန့်ကုန်ကျကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများ သို့ ရောင်းချပြီး ထိုမှတစ်ဆင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ ယခုအချိန် တွင် ပဲကြီးသီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံထွက်ပေါ်ချိန်တွင် အထွက်နှုန်း ကောင်းမွန်၍ ဈေးကောင်းရရှိပါက တောင်သူများ အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲကြီးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မန္တလေး)