မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲကြီး၊ နေကြာ၊ ဝါ၊ ကြက်သွန်နီနှင့် အခြားမီးဖို ချောင်သုံးသီးနှံများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ တောင်ဦးကျေးရွာ၌ နေကြာသီး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆောင်းမတ်ပဲများကို စိုက်ပျိုးကြကြောင်း၊ မြစ်သားမြို့နယ်အတွင်း ဆောင်းမတ်ပဲစိုက်ဧက ၂၀၀ ခန့် စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများအရ သိရသည်။
မတ်ပဲသီးနှံကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ၃ လခန့်အကြာ ဇန်နဝါရီလကုန်နှင့် ဖေဖော်ဝါရီလဆန်းတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် တစ်ဧကလျှင် မတ်ပဲမျိုး ၆ ပြည်ခန့် ကုန်ကျပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းငွေကျပ် ၅၅၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ၁၅-၁၆ တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မတ်ပဲသီးနှံများကို မြစ်သားမြို့ပေါ်ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုအချိန်တွင် မတ်ပဲသီးနှံစိုက်ခင်းများမှာ အသီး အပွင့်များ ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီအချိန်တွင် ထွက်ပေါ်မည်ဖြစ် ကြောင်း မတ်ပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မန္တလေး)