နတ်တော်ဖြူခေါ် လွန်းဖြူ ပဲသစ်ဈေးကွက်သို့ စတင်ဝင်ရောက်

   ဟင်္သာတခရိုင်အတွင်း ကိုင်းမြေများမှာ အဓိကထားစိုက်ပျိုးတဲ့ ပဲသီးနှံအုပ်စုရဲ့ ပထမဦးဆုံးထွက်ရှိလာတဲ့ ပဲလွန်းဖြူအသစ်များဟာ ဒီဇင်ဘာလဆန်းမှာ ဈေးကွက်သို့စတင် ဝင်ရောက်လာပါတယ်။ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းဒေသများရှိ ရွာများ၊ ဟင်္သာတမြို့ အနီးအနားရွာများမှ မြို့ပေါ်ဈေးကွက်သို့ တစ်ရက်ပျမ်းမျှအိတ် ၁၀၀ ခန့် အရောင်းအဝယ်ပြု လုပ်နေကြောင်းသိရပါတယ်။

    ကုန်သည်များကလည်း ပစ္စည်းဝင်ရောက်မှုနဲ့  အရည်အသွေးပေါ် မူတည်ပြီး ပိဿာ ၂၀ တစ်တင်းကို ၁၇၅၀၀ ကျပ်ဈေးဖြင့် ဝယ်ယူနေပါတယ်။ ရန်ကုန်ဈေးကွက်ကိုလည်း ရက်ခြား တစ်နေ့ကို အိတ် ၂၀၀ ခန့် တင်ပို့နိုင်တယ်လို့သိရပါတယ်။

အေးအေးခိုင်-ဟင်္သာတ