ထောပတ်သီး တစ်နေ့တစ်လုံးစားသုံးခြင်းဖြင့်ကျန်းမာရေးကို အထူးအကျိုးပြုစေနိုင်

   ထောပတ်သီးစားသုံးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့သိရှိရပါတယ်။ ထောပတ်သီးရဲ့ အံ့ဖွယ်များကိုပြောပြရန်တော့လိုမယ်မထင်ပါဘူး။ ဒါပေမယ့် အကယ် ၍ သင်သာထောပတ်သီးကို ပိုမိုစားသုံးမယ်ဆိုရင်ရရှိနိုင်မဲ့ အကျိုးအာနိသင်တွေကို သင်သိခွင့်ရတာနဲ့အမျှ ကျေနပ်မှုတွေရှိလာမယ်လို့ထင်မြင်မိပါတယ်။ လတ်တလော လေ့ လာဖော်ထုတ်ချက်များအရ နေ့စဉ်ထောပတ်သီးတစ်လုံး မှန်မှန်စားသုံးခြင်းဖြင့် သင့်ခန္ဓာကိုယ်ထဲမှ ကိုလက်စထရောများကို လျှော့ချပေးခြင်းကို ကူညီပေးမှာဖြစ်ပါတယ်။

   ပင်ဆယ်လ်ဗေးနီးယားပြည်နယ်တက္ကသိုလ်မှ သုတေ သီများက အသက်  ၂၁ နှစ်မှ ၇၀ နှစ်ကြားအရွယ်ရှိ ကျန်းမာသော်လည်း ခန္ဓာကိုယ်အလေးချိန်ရှိသင့်တာထက်များတဲ့ လူ  ၄၅ ဦးကို ကိုလက်စထရောကျစေနိုင်တဲ့ အစားအစာသုံးမျိုးကို ကျွေးမွေးပြီး စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။

   စမ်းသပ်ရာမှာ အသုံးပြုတဲ့ အစားအစာသုံးမျိုးကတော့ တစ်မျိုးက အဆီအနည်းငယ်သာပါဝင်တဲ့ အစာ၊ ကျန်နှစ်မျိုးကတော့  အဆီအသင့်အတင့်ပါဝင်တဲ့ အစာများနဲ့  ထော ပတ်သီးကို နေ့စဉ်တစ်လုံး စားသုံးစေတာ  ဖြစ်ပါတယ်။ အစားအစာသုံးမျိုးအနက် ထောပတ်သီးထည့်သွင်းစားသုံးစေတဲ့ အစားအစာဟာ အကောင်းဆုံးဖြစ်တာကို သိရှိစေခဲ့ရ ပါတယ်။ အစားအစာသုံးမျိုးရဲ့ ကိုလက်စထရောချပေးနိုင်မှုတွေ့ ကတော့  ထောပတ်သီးနဲ့ ဆီအသင့်အတင့်ပါသော အစာကို  စားသုံးမှုက ၁၃ ဒသမ ၅ မီလီဂရမ်/ဒက်စီလီတာ၊ ဆီအသင့် အတင့်ပါတဲ့ အစာက ၈ ဒသမ ၃ မီလီဂရမ်/ဒက်စီလီတာနဲ့ ဆီအနည်းငယ်သာပါတဲ့  အစာက ၇ ဒသမ ၄ မီလီဂရမ်/ ဒက်စီလီတာ အသီးသီးဖြစ်ပါတယ်။

   လေ့လာမှုပြုတဲ့အဖွဲ့ခေါင်းဆောင်    ပရော်ဖက်ဆာ တစ်ဦးက ဒါဟာဆိုလျှင် အစားအစာကို ထိန်းကျောင်းကျွေး မွေးစမ်းသပ်မှု ပြုလုပ်ရာမှ ရရှိတဲ့အဖြေဖြစ်ကြောင်း၊  ဒီထက် ကျယ်ကျယ်ပြန့်ပြန့်လေ့လာမှုများကို ပြုလုပ်သင့်ကြောင်းနဲ့ ထောပတ်သီးဟာ ကိုလက်စထရော  ကျစေနိုင်တာကိုတော့ သက်သေပြနိုင်ခဲ့ကြောင်းပြောကြားခဲ့တယ်လို့ သတင်း မှာ ဖော်ပြထားပါတယ်။

ရှင်ပါဂူ