မြန်မာနိုင်ငံစက်မှုသီးနှံ (ရော်ဘာ)ဌာနမှ တာဝန်ရှိသူများနဲ့ IR Co မှ အမှုဆောင်အရာရှိချုပ်တွေ့ဆုံ
IR Co မှ အမှုဆောင်အရာရှိချုပ် Mr.Yium Tavarolit သည် စက်မှုသီးနှံဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်နဲ့ ဖေဖော်ဝါရီ ၃ ရက်က နေပြည်တော်ရှိ စိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးရုံးမှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။ သဘာဝရော်ဘာ (Natural Rubber) ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး အကျိုးကျေးဇူးရရှိစေနိုင်မယ့် ဆွေးနွေးမှုများ ကို ဆွေးနွေးခဲ့ တယ်လို့ ဖေဖော်ဝါရီ ၄ ရက်က Global Rubber Market News အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
ဆွေးနွေးရာမှာ လတ်တလောရင်ဆိုင်နေရတဲ့ ရော်ဘာဈေးကွက်ကျဆင်းနေရမှုနဲ့ ဒီပြဿ နာကို အာဆီယံနိုင်ငံအတွင်းရှိ သဘာဝရော်ဘာထုတ်လုပ်တဲ့ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်၍ ဖြေရှင်းရန်ကိစ္စအား အသေးစိတ်ဆွေးနွေးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ရော်ဘာစိုက်ဧက ၁ ဒသမ ၄သန်းဝန်းကျင် (ဟက်တာ သုည ဒသ မ ၅၆ သန်း) စိုက်ပျိုးထားတာဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ Mr.YiumTaverolit က မြန်မာနိုင်ငံစက်မှုသီးနှံဌာနမှ အရာရှိများအား ITRC နဲ့ IRCO ရဲ့ နောက်ခံသမိုင်းကြောင်း၊ သဘာဝရော်ဘာဈေးနှုန်းတိုးရရှိရေး အတွက် လာမယ့် ၁၀ နှစ်အတွင်းကျင့်သုံးမယ့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမှာကျင်းပမယ့် ITRC နဲ့ မဲခေါင်ဒေသတွင်း လေးနိုင်ငံပူးတွဲအစည်းအဝေးမှာ မြန်မာနိုင်ငံအနေနဲ့ တက်ရောက်ပေးဖို့ ၎င်း က ဖိတ်ကြားခဲ့ပြီးဘန်ဒေါင်းမှာ ကျင်းပမဲ့အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ သဘာဝရော်ဘာဈေးကွက် အခြေအနေ၊ ITRC နဲ့ မဲခေါင်ဒေသတွင်းတို့ ပူးပေါင်းဆောင် ရွက်မှု ထပ်မံတိုးမြှင့်ရန်နဲ့ သဘာဝရော်ဘာဈေးတည်ငြိမ်မှုရှိစေရေးတို့ကို ဦးစားပေးဆွေးနွေးသွားမယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲဟာ နိုင်ငံခုနစ်နိုင်ငံမှ သဘာဝရော်ဘာလုပ်ငန်းရှင်ငယ်များ (Small holders) များရဲ့ ရေရှည်အကျိုးစီးပွားရရှိစေရေးလည်းရည်ရွယ်တယ်လို့သိရပါတယ်။
CMK