အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို ကော်ဖီက တိုက်ဖျက်ပေးနိုင်

   အယ်လ်ဇိုင်းမားလို့ခေါ်တဲ့ မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါအတွက်  ကုထုံးမရှိသေးသော်လည်း ကြိုတင်ကာကွယ်နိုင်မဲ့ သုတေသနပြုမှုများကိုတော့ အလေးထားလုပ်ဆောင်ကြ ပါတယ်။ ရှေးယခင်ကတည်းက သုတေသနပြုချက်များအရ ကော်ဖီကို အသင့်အတင့်သောက်သုံးပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ခြေရှိကြောင်းဖော်ထုတ်နိုင်ခဲ့ ကြပါတယ်။ နယ်သာလန်နိုင်ငံ ရော့တာဒမ်အခြေစိုက် အိပ်စမတ်ဆေးဘက်ဆိုင်ရာဗဟိုဌာနမှ  Ar Framlkram နဲ့အဖွဲ့က ကော်ဖီမှာ အဓိကပါဝင်တဲ့ ကွန်ပေါင်းနှစ်မျိုးကို ခွဲခြမ်း စိတ်ဖြာမှုပြုတဲ့အခါ ကဖိန်းဓာတ်က ဦးနှောက်အတွင်းအာရုံကြောဆိုင်ရာ ရှုပ်ထွေးနောက်ကျိမှုများကို ကာကွယ်ပေးရာမှာ အကူအညီပေးပါတယ်။ ကော်ဖီမှာပါတဲ့ဓါတ်များက ဦးနှောက်ဆဲလ်များ ပျက်စီးချွတ်ယွင်းမှုကိုလျှော့ချပေးနိုင်စွမ်းရှိပါတယ်။ ဦးနှောက်ဆဲလ်များအနက် အထူးသဖြင့် မှတ်ဉာဏ်မှတ်သားမှုပိုင်းဆိုင်ရာ အာရုံကြောများချွတ်ယွင်းမှုကို တားဆီးပေးတာဖြစ်ပါတယ်။ လေ့လာရေးအဖွဲ့ခေါင်းဆောင်ကတော့ ကော်ဖီကို ပုံမှန်အသင့်အတင့်သောက်သုံးပေးခြင်းအားဖြင့် လူ့သက်တမ်းတစ်လျှောက်မှာ အယ်လ်ဇိုင်း မားဖြစ်ပွားမှုကို လျှော့ချပေးနိုင်ကြောင်း အကြုံပြုပြောကြားခဲ့ပြီး တစ်နေ့ကို အများဆုံးကော်ဖီ ၃ ခွက်မှ ၅ ခွက်ထိသောက်သုံးပေးခြင်းဖြင့် အယ်လ်ဇိုင်းမားဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်လို့မှတ်ချက်ပြုလိုက်ပါတယ်။

ရှင်ပါဂူ