စစ်ကိုင်းကုလားပဲ တက်ဈေးမျှော်

  စစ်ကိုင်းတိုင်းဒေသကြီး ၂၀၁၄-၂၀၁၅ ခုနှစ် ဆောင်းသီးနှံကုလားပဲစိုက် ဧက ၃ ဒသမ ၈ သိန်းကျော် လျာထားချက်အပေါ် ဧက ၄ ဒသမ ၃ သိန်းကျော် စိုက်ပျိုးခဲ့လို့ ၁၁၃ ရာခိုင်နှုန်းစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ယခုလမှာ ကုလားပဲပေါ်ချိန်ဖြစ်လို့ မုံရွာကုန်စည်ဒိုင်သို့ ကုလားပဲအသစ်များ ဘုတလင်၊ ချောင်းဦး၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲစသည့် မြို့နယ်များမှ တစ်ရက်တင်း ၂၀၀၀ ကျော်ဝင်ရောက်ပါတယ်။

  လှောင်လက်သမားများက တက်ဈေးမျှော်ဝယ်ယူခြင်းနဲ့ ဒေသတွင်း ပဲခွဲစက်များရဲ့ ပုံမှန်အသုံးရှိလို့ မုံရွာကုန်စည်ဒိုင်သို့ဝင်သမျှ အရောင်းအဝယ်ဖြစ်ကာ အရောင်းအဝယ် အကောင်းဆုံးသီးနှံဖြစ်ပါတယ်။ ယခုလ ဖေဖော်ဝါရီလအတွင်း တစ်တင်း အနိမ့်၊ အမြင့် ပေါက်ဈေးများမှ ထိုင်ဝမ်ကုလားပဲ ၁၄၂၀၀ ကျပ်၊ ၁၅၇၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး (V2) ၁၅၂၀၀ ကျပ်၊ ၁၇၁၀၀ ကျပ် ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ပါတယ်။

သန်းသန်းတင်-မုံရွာ