ရေနံစိမ်းဈေးနှုန်း နေ့အလိုက် မြင့်တက်မှုကြောင့် စားအုန်းဆီဈေးတစ်ရာခိုင်နှုန်းမြင့်တက်

   ရေနံစိမ်းဈေးကွက်များတွင် ရေနံစိမ်းဈေးနှုန်းများ ဖေဖော်ဝါရီ ၂၆ ရက်တွင် မလေးရှားစားအုန်းဆီ ကြိုရောင်း၊ ကြိုဝယ်ဈေးမြင့်တက်လာတာကိုတွေ့ရကြောင်း ရိုက်တာ  သတင်းမှာတွေ့ရပါတယ်။

   ဒါပေမယ့် ကမ္ဘာ့ဟင်းရွက်ဆီဈေးကွက်အတွက် ကမ္ဘာ့ဝယ်လိုအား မရေရာမှုနဲ့ ရာသီဥတုဒဏ်ခံရတဲ့ စားအုန်းဆီရဲ့အထွက်နှုန်းက ခန့်မှန်းထားတာထက် လျင်မြန်စွာ နာလန် ထူလာတာတွေကြောင့် ဈေးနှုန်းကွာဟချက်ကိုထိန်းထားနိုင်ခဲ့ပါတယ်။ ဆော်ဒီအာရေဗီးယား ရေနံဝန်ကြီးရဲ့ ဝေဖန်ပြောကြားမှုများကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးကွက်ရဲ့ အခြေ အနေတိုးတက်လာကာ ဘရင့်ရေနံစိမ်းရဲ့ ကြိုရောင်းကြိုဝယ်ဈေးက ဖေဖော်ဝါရီ ၂၅ ရက်မှာ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။

  ရေနံစိမ်းဈေးနှုန်းတွေ မြင့်တက်မှုကြောင့် ဇီဝလောင်စာဆီအသုံးပြုမှု ပိုမိုလာနိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလထဲမှာ ပြည်ပတင်ပို့မှုကျဆင်းတဲ့အတွက်ကြောင့် လည်းကောင်း၊ မလေးရှားဆီအုန်းစိုက်ပျိုးသူတို့က အထွက်နှုန်းကောင်းမည်ဟု ခန့်မှန်းချက်ကြောင့်လည်းကောင်း ရင်းနှီးမြှုပ်နှံသူတွေ တွေဝေချိန်ဆလာကြပါတယ်။

   စားအုန်းဆီဈေးတွေက တစ်တန်ကို ရင်းဂစ် ၂၂၀၀ နဲ့ ၂၃၀၀ ကြားအတက်အကျရှိမယ်လို့ ကွာလာလမ်ပူရှိ ကုန်စည်ပွဲစားလုပ်ငန်းတစ်ခုက ပြောပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်မှာ စားအုန်းဆီဈေးက  တစ်ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ၂၂၇၀ ရင်းဂစ် (၆၃၁ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။ ဈေးနှုန်းအလားအလာက တစ်တန်ကို ၂၂၅၆ ရင်း ဂစ်နဲ့ ၂၂၇၃ ရင်းဂစ်ကြားရှိမယ်လို့ ခန့်မှန်းပါတယ်။

   ကုန်သွယ်မှုပမာဏက ၂၅ တန်ရှိအတွဲ ၁၉၁၄၁ တွဲရှိခဲ့ရာ ပျမ်းမျှရောင်းချမှုဖြစ်တဲ့ ၁၂၅၀၀ တန်ရဲ့အထက်မှာရှိနေပါတယ်။

   ပြိုင်ဘက်ဟင်းရွက်ဆီဈေးကွက်တွေကိုကြည့်ရင် ဒါလီယံကုန်စည်ဒိုင်က မေလအတွက် စာချုပ်ဈေးက ဒါလီယံဈေးကွက်မှာ ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး အမေရိကန် ပဲပုပ်ဈေးကွက်မှာ မေလအတွက် ပဲပုပ်ဆီဈေးက အပြောင်းအလဲမရှိသလောက်ဖြစ်ပါတယ်။

ဉာဏ်တင်