ပြည်ဈေးကွက်တွင် နှမ်းနီဈေးပြန်မြင့်ပြီး နှမ်းနက်ဈေးပြန်ကျ

  ယခုမတ်လဆန်း ဒုတိယပတ် ပြည်ဈေးကွက်မှာ နှမ်းနီဈေးပြန်တက်ပြီး နှမ်းနက်ဈေးပြန်ကျလာပါတယ်။ ဈေးကွက်ကို နှမ်းအဝင်မရှိဘဲ လှောင်နှမ်းများကြောင့်  အရောင်းအဝယ် အနည်းငယ်ဖြစ်နေပါတယ်။ နှမ်းနီကို ဆီစက်သမားများက ဆီကြိတ် ရန်အဝယ်ပြန်လိုက်လာလို့ ဈေးအနည်းငယ်မြင့်လာတာဖြစ်ပါတယ်။ နှမ်းနက်ကို ဝယ်လက်သမားများက အဝယ်ရပ်နေတာကြောင့် ယခုတစ်ပတ်မှာ နှမ်းနက်ဈေးပြန်ကျလာပါတယ်။ နှမ်းဈေးမှာ နှမ်းနီတစ်တင်း ၃၁၆၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးပိုပြီး နှမ်းနက်တစ်တင်း ၂၈၃၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးကျလာပါတယ်။  နှမ်းဆီဈေးမှာလည်း တစ်ပိဿ     ာ ၅၂၀၀ ကျပ်အထိရှိနေပါတယ်။

ဝေေ၀မင်း-ပြည်