ပြည်ထောပတ်ပဲ ပစ္စည်းအဝင်ရှိပေမယ့် အရောင်းအဝယ်အေးနေ

   ယခင်နှစ်က   မေလအတွင်း ထောပတ်ပဲသီးနှံမှာ လက်ကျန်မရှိသလောက်ဖြစ်ပြီး ပဲလက်ကျန်နည်းသွားပြီးအရောင်းအဝယ်မဖြစ်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ဈေးကွက်မှာ ပဲအဝင် ရှိခဲ့သော်လည်း ဝယ်လိုအားမရှိသလောက်ဖြစ်ခဲ့လို့ အရောင်းအဝယ်အေးနေတယ်လို့သိရပါတယ်။

  ပဲဈေးမှာလည်းတစ်တင်း ၁၃၅၀၀ ကျပ်ဖြင့်သာ ဈေးငြိမ်ခဲ့ပြီး လက်လီသမား အနည်းငယ်သာဝယ်ယူခဲ့ကြပါတယ်။ အခြားပဲများ အားလုံးလိုလို ယခင်နှစ်ထက်ဈေးကောင်းရ လာပေမယ့် ထောပတ်ပဲသီးနှံကတော့ ယခုနှစ်အတွင်း ဈေးလျော့နည်းအရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။

ခင်ဆွေဝင်း- ပြည်