မြန်မာ့ရွှေဈေး အမြင့်ဈေးဖြင့် ဆက်လက်တည်ရှိနေ

  ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက နေ့စဉ်မြင့်တက်ခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်ဆက်လက် မြင့်တက်လာခဲ့ကာအမြင့်ဈေးဖြင့်ပင်တည်ရှိနေကြောင်း ရွှေဈေး ကွက်အတွင်းမှစုံစမ်းသိရှိရသည်။

   ပြည်တွင်းငွေလဲနှုန်းများမြင့်တက်လျက်ရှိနေခြင်း၊ ကမ္ဘာ့ရွှေဈေးအောက်သို့ မြန်မာ့ရွှေဈေးရောက်ရှိနေခြင်းတို့သည် မြန်မာ့ရွှေဈေးကိုဆက်လက်မြင့်တက်စေသည့် အကြောင်း ရင်းများပင်ဖြစ်ကြောင်း ရွှေကုန်သည်များကသုံးသပ်လျက်ရှိသည်။

   သို့သော်   မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်အတွင်း အမြင့်ဆုံးဈေးအဖြစ် ကျပ် ၇၁၉၀၀၀ သို့ရောက်ရှိခဲ့ပြီး နောက်ရက်တွင် ကျပ် ၇၁၄၀၀၀ သို့ တစ်ရက်အတွင်း ကျပ် ၅၀၀၀ ခန့်ကျဆင်းခဲ့ကြောင်းသိရသည်။

   ''မြန်မာ့ရွှေဈေးကဆက်ပြီး တက်လာနိုင်ပါသေးတယ်။ ဘာကြောင့်လည်းဆိုတော့ ကမ္ဘာ့ရွှေဈေးနဲ့ မြန်မာ့ ရွှေ ဈေး ချိန်ထိုးကြည့်ရင် ဈေးကဟနေသေးတယ်။ အဲဒီလိုဈေး ကွာ ဟနေတဲ့အတွက် မြန်မာ့ရွှေဈေးက မြင့်တက်လာနိုင်သေးတယ်လို့ဆိုချင်တာပါ။ ဒါပေမယ့်လည်း   ခုရက်ပိုင်းမှာတော့ ပြန်ကျသွားတယ်။ တစ်ရက်ထဲမှာ ကျပ် ၅၀၀၀ လောက် ကျသွားခဲ့တယ်။ ဒီတစ်ပတ်ထဲမှာတော့ ဈေးကမငြိမ်ဘူး။ အတက်အကျတွေများနေတယ်။  ဒီလို အတက်အကျတွေ  များနေရင်တော့ ရွှေဈေးကွက်ပျက်သွားနိုင်ပါတယ်'' ရွှေကုန် သည် ဦးစံမြင့်ကဆိုသည်။

   မြန်မာ့ရွှေဈေးသည် မေ ၁၈ ရက် တွင် ကျပ် ၇၁၂၀၀၀ သို့ရောက်ရှိခဲ့ပြီး မေ ၂၀ရက်တွင် ကျပ် ၇၁၉၀၀၀ သို့ တစ်ပတ်အတွင်း အမြင့်ဆုံးနှုန်းအဖြစ် ရောက်ရှိခဲ့သည်။ မေ ၂၂ ရက်တွင်မူ ကျပ် ၇၁၁၈၀၀သို့ ကျဆင်းခဲ့သည်။

   ကမ္ဘာ့ရွှေဈေးသည် မေ ၁၈ ရက် တွင် ၁၂၂၄ ဒေါ်လာရှိခဲ့ပြီး မေ ၂၀ ရက်တွင် ၁၂၀၈ ဒေါ်လာသို့ ကျဆင်း ခဲ့သည်။ မေ ၂၂ ရက်တွင် ၁၂၀၆ ဒေါ်လာသို့ အနည်းငယ် ဆက် လက်ကျဆင်းခဲ့သည်။

မယ်သီတာ