နွေနှမ်းတွေလှိုင်လှိုင်ပေါ်

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက် ဆည်မြို့နယ ်တွင် နွေနှမ်းစိုက်ဧကမှာ   ဧက ၃၃၀၀၀ ကျော်၊ စစ်ကိုင်းမြို့နယ်တွင် ဧက ၁၈၈၀၀ ကျော်၊ မြစ်သား မြို့နယ် တွင် ဧက ၂၁၉၀၀ ကျော်၊ တံတားဦးမြို့ နယ်တွင် ဧက ၉၀၀ ကျော်၊ စုစုပေါင်း ၇၄၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ကျောက်ဆည်ခရိုင်မှာ ဧက ၄၃၀၀ ကျော်ရိတ်သိမ်းပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့် ၁၄ ဒသမ ၂၅၊ အထွက် စုစုပေါင်း တင်း     ၆ ဒသမ ၁၈ သိန်းရှိကြောင်း သိရပါတယ်။ နှမ်းဖြူကို မတ်လဆန်းပိုင်းမှာ ပက်ကြဲစနစ်နဲ့ အများဆုံးစိုက် ပျိုးပြီး တစ်ဧကကို (၁၀ တင်း၊ ၁၅ တင်း) ထွက်ရှိလျက် ဧပြီလ တွင် နှမ်းဖြူကိုစိုက်ပျိုးရင်  အသီးများ အပြည့်အဝအောင်မြင် ဖြစ်ထွန်း မှုမရှိဘဲ တစ်ဧကလျှင် ၅၊ ၆တင်းသာထွက်ရှိတာ တွေ့ရပါတယ်။ နှမ်းညို၊ နှမ်းနက်များကို ဧပြီလတွင် စိုက်ပျိုးပြီး တစ်ဧကလျှင် ၇ တင်းမှ ၁၀ တင်း အထိ ထွက်ရှိတာတွေ့ရပါ တယ်။
     နှမ်းဈေးနှုန်းအနေနဲ့ နှမ်းဖြူတစ်တင်း ၃၉၅၀၀ ကျပ်၊ နှမ်းညိုတစ်တင်း ၂၇၅၀၀ ကျပ်၊ နှမ်းနက်တစ်တင်း ၃၃၀၀၀ ကျပ်ဈေးရှိပြီး ယခင်နှစ်ကထက် နှမ်းတစ်တင်းလျှင် ၁၀၀၀၀ ကျပ်ဝန်းကျင် ဈေးနိမ့်နေကြောင်း တွေ့ ရပါတယ် ။ နှမ်းတစ် ဧကစိုက်ပျိုးရင် ၇၅၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်ဝန်းကျင်ကုန် ကျပြီး ၊ အကျိုးအမြတ်အနေဖြင့် နှမ်းဖြူဆိုရင် သုံးသိန်း ကျော်မြတ်ပြီး နှမ်းညို၊ နှမ်းနက်ဆိုရင် နှစ်သိန်းကျော် အကျိုး အမြတ်ရရှိ တယ်လို့ နှမ်းစိုက်တောင်သူ များထံမှ သိရပါတယ်။
      မြင့်မြင့်ဝင်း-ကျောက်ဆည်