ပြည်ပဲမျိုးစုံဈေးကွက်မှာ ဇူလိုင်လ ဒုတိယပတ်အတွင်း မတ်ပဲဈေးပြန်အေးပြီး ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးဈေးနှုန်းများ ဈေးမြင့်တက်ခဲ့

ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံ ဈေးကွက်မှာ ယခုဇူလိုင်လ ဒုတိယပတ် အတွင်း အဓိကအရာင်းအဝယ်   ဖြစ်ခဲ့ သောပဲများ၏ ဈေးနှုန်းများအရ မတ်ပဲ မှာ ဈေးအပြောင်းအလဲ  သိပ်မဖြစ်ဘဲ ပဲစင်းငုံ၊ ကုလားပဲနှင့်  ပဲကြီးများဈေး မြင့်တက်လာတာကို   တွေ့ရပါတယ်။ လက်လီ  အရောင်းအဝယ်ဖြစ်နေသော ပဲများအနက် ပဲနီပြားနဲ့ စားတော်ပဲ သီးနှံများမှာ  ဈေးငြိမ်ပြီး အရောင်း အဝယ် ဖြစ်နေခဲ့ပါတယ်။
မတ်ပဲမှာ အဝင်မရှိသလောက် ဖြစ်ပြီး လက်ကျန်ပဲများရှိလို့ ရန်ကုန် ဝယ်လက်   ဝယ်ယူတဲ့အတွက်   အိတ် ၂၀၀ ကျော် ၃၀၀ အထိ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။   ယခုတစ်ပတ်အတွင်း နေ့စဉ် အရောင်းအဝယ်မဖြစ်ဘဲ ရက် ခြားလောက်သာ   အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲဈေးကတော့ တစ်တင်း ၄၀၃၀၀ ကျပ်ဖြင့်သာ ဈေးငြိမ်နေခဲ့တာ ကို တွေ့ရပါတယ်။  ယခင်လအတွင်း လဆန်းရက်မှာ ဈေးငြိမ်နေသော်လည်း လလယ်မှစ၍    ဈေးအမြင့်ဆုံးရတဲ့ အတွက် မတ်ပဲတစ်တင်း ၄၄၅၀၀ ကျပ် ထိ ဈေးကောင်းရနေသလို ရန်ကုန်ဝယ် လက်လည်း   အဝယ်လိုက်ခဲ့တယ်လို့ သိရပါတယ်။   ယခုတစ်ပတ်မှာတော့ ရန်ကုန်ဝယ်လက်ရှိသော်လည်း ဝယ်လို အား သိပ်ကောင်းခဲ့တဲ့အတွက် ဈေးပြန် အေးသွားခဲ့ခြင်းဖြစ်ကြောင်း   သိရပါ တယ်။
ပဲစင်းငုံသီးနှံဈေးမှာ   ယခုတစ် ပတ်တွင် တစ်တင်း ၄၁၀၀၀ ကျပ်ထိ ဈေးမြင့်တက်လာခဲ့လို့    မတ်ပဲထက် လည်း ဈေးပိုသွားတာကို    တွေ့ရပါ တယ်။ မေ၊ ဇွန်လများအတွင်း ပဲစင်းငုံ နှင့်မတ်ပဲဈေးမှာ ဝယ်လိုအား ကောင်း လို့ ဈေးနှုန်းများ ပြိုင်တူမြင့်တက်လာ ခဲ့ပေမယ့် ယခုဇူလိုင်လ ဒုတိယပတ်မှာ တော့ မတ်ပဲဈေးထက် ပဲစင်းငုံက ကျပ် တစ်ထောင်နီးပါး  မြင့်တက်လာခဲ့ကာ ရန်ကုန်ဝယ်လက်မှ အိတ် ၂၀၀ ကျော် ၃၀၀ အဝယ်ရှိခဲ့ပါတယ်။
ကုလားပဲသီးနှံမှာ ပဲအဝင်ပါးလာ ကာ ပေါက်ခေါင်း၊ ပန်းတောင်း၊ မင်း တုန်းနဲ့ သာယာဝတီခရိုင် လက်ပံတန်း မြို့နယ်ဘက်မှလည်း ဝင်ရောက်ပေမယ့် အိတ် ၂၀၀၊ ၃၀၀ ခန့်သာ ဝင်ရောက်ခဲ့ပါ တယ်။ ယခုတစ်ပတ်အတွင်း ကုလားပဲ တစ်တင်းကို ကျပ် ၂၅၂၀၀  ရှိခဲ့တာ ကြောင့် လဆန်းရက်ထက် ဈေးပိုရခဲ့ပြီး ခွဲစက်သမားများနှင့် လက်လီသမား အချို့က ဝယ်ယူတဲ့အတွက် တစ်ရက်ကို အိတ် ၃၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ ယခင်နှစ်ဇူလိုင်လအတွင်းက ကုလားပဲ  တစ်တင်းကို ကျပ် ၁၄၈၀၀ သာရရှိခဲ့တဲ့အတွက် ယခုနှစ်မှာတော့ ကုလားပဲက   ဈေးကောင်းရနေခဲ့ပါ တယ်။
ပဲကြီးသီးနှံမှာလည်း ဇွန်လကုန် မှစ၍ ဈေးမြင့်တက်လျက်ရှိရာ ဒီတစ် ပတ်မှာလည်း   ဆက်လက်မြင့်တက် ခဲ့လို့ (ရွှေကျွန်း)   တစ်တင်း ၂၇၀၀၀ ကျပ်၊ (ကမ်းနား)  တစ်တင်း ၂၅၀၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် တစ်တင်း ၅၀၀ ကျပ်ခန့်စီ ဈေးပိုရလာခဲ့ပါတယ်။ ပဲကြီးသီးနှံဝင်ရောက်မှုအနေဖြင့် နတ် တလင်း၊ ပန်းတောင်း၊ မင်းတုန်း၊ ကံမ မြို့နယ်များမှ နေ့စဉ် အိတ် ၃၀၀ ကျော် ခန့်ဝင်ရောက်လျက်ရှိကာ အခြားတိုင်း သို့ တင်ပို့မှုမရှိဘဲ ခွဲစက်သမားများသာ အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲကြီး သီးနှံမှာလည်း   ကုလားပဲသီးနှံကဲ့သို့ ယခင်နှစ်ထက် ဈေးကောင်းခဲ့တဲ့ သီးနှံ ဖြစ်ခဲ့ပါတယ်။
ပဲနီပြားနဲ့စားတော်ပဲသီးနှံများကတော့ လက်လီသမားများသာ ဝယ်ယူပြီး အရောင်းအဝယ်  ပုံမှန်သာ ရှိခဲ့ပါတယ်။ ဈေးနှုန်းများကတော့ ပဲနီပြားတစ်တင်း ကို ကျပ် ၁၈၅၀၀၊ စားတော်ပဲ တစ်တင်း ကို ကျပ် ၃၁၀၀၀ နဲ့  ယခင်တစ်ပတ်က ဈေးအတိုင်း ငြိမ်နေခဲ့ကြောင်း သိရပါ တယ်။                    
   ခင်ဆွေဝင်း-ပြည်