Myanmar Phar-Med Expo 2015 ၂၀၁၅ ကုန်စည်ပြပွဲကျင်းပ

တတိယအကြိမ်မြောက်  နိုင်ငံ တကာဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်ရာ  ကုန်စည်ပြပွဲနှင့်   ဟောပြောပွဲ အခမ်း အနားကို   ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။အဆိုပါအခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တိုင်းဒေသကြီးဝန်ကြီး များ၊UMFCCI  ဒုဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံဆေးနှင့် ဆေး ပစ္စည်းကုန် သည်များနှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ   ဒေါက်တာဝင်းစည်သူ၊ မြန်မာ  နိုင်ငံပုဂ္ဂလိကဆေးရုံလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ေ ဒါက်တာထင်ပေါ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ သည်။ပြပွဲ၌ ဂျပန်၊   တရုတ်(တိုင်ပေ)၊ ဂျာမနီ၊ အိန္ဒိယ၊ မလေးရှား၊ ဟောင် ကောင်၊ စင်ကာပူ၊အမေရိကန်၊ ဗီယက် နမ် အစရှိသည့် နိုင်ငံတို့မှ ပြခန်းပေါင်း ၄၅ ခန်းကျော်ဖြင့်  ဆေးရုံသုံးပရိဘောဂ များနှင့် ဆေးရုံသုံး  စက်ကိရိယာများ၊ ဓါတ်ခွဲခန်းသုံးကိရိယာများ၊ ရုတ်တရက် အရေးပေါ်ဖြစ်ရာတွင် ထောက်ပံ့ပေး သော ကိရိယာ များ၊ ဆေးဝါး ထည့်သွင်းသည့် ဆေးတောင့်ပစ္စည်းများ၊ လက် တွေ့စမ်းသပ်ခန်းနှင့် ဆေးခန်းများတွင်အသုံးပြုသောကိရိယာများ ပါဝင်ပြသ ခဲ့ကြပါသည်။ အဆိုပါပြပွဲသို့ လာ ရောက်သော   လုပ်ငန်းရှင် များအနေ ဖြင့်  လိုအပ်သော စက်ကိရိယာများ၊ ဆေးဝါးများကို    တစ်နေရာတည်း၌ လေ့လာနိုင်ပြီး  အသုံးဝင်မည့်ပစ္စည်း ကိရိယာများကို ရွေးချယ် မှာယူနိုင်သည့် အခွင့် အလမ်းကော င်းနှင့် နည်း ပညာ သစ်များ  လေ့လာနိုင်သည့် အခွင့် အလမ်းကောင်းများကို ရရှိနိုင်သည့်  ပြပွဲလည်း  ဖြစ်ပါသည်။ အဆိုပါ ကုန် စည် ပြပွဲကို  ဇွန် ၉ ရက်မှ ၁၁ ရက်အထိ လေးရက် တိုင်တိုင် ကျင်းပခဲ့ပြီး ခေတ်မီ ဆေးဝါးများ၊ ဆေးရုံသုံးကိရိယာနှင့် ဓာတ်ခွဲခန်း သုံးကိရိယာများ၏  ခေတ်မီ ဆန်းသစ် လာသော နည်းပညာများ၊ ကုသရေးဆိုင်ရာ နည်းပညာများ  စသည့် နည်းပညာ ဖလှယ်ခြင်းဆိုင်ရာ   ဆွေးနွေး ဟောပြောပွဲများ  ထည့်သွင်း ကျင်းပခဲ့သည်။        
KMT