စားအုန်းဆီပြည်တွင်းလက်လီဈေးနှုန်းတွေဖြစ်သင့်တဲ့ အနေအထားမှာရှိရဲ့လား

နိုင်ငံခြားငွေကြေးတစ်ခုဖြစ်တဲ့  ဒေါ်လာ ဈေး နှုန်းဟာ အထိုက်အလျောက် တည်ငြိမ်နေရာမှ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ တစ်ရိပ်ရိပ်တက်လာပြီး၊ ပြည်ပက တင်သွင်းရတဲ့စားကုန်၊ လူသုံးကုန်ပစ္စည်း အချို့လည်း မသိမသာ ဈေးတက်လာခဲ့တာကြောင့် အဓိကသွင်းကုန်တစ်ခုဖြစ်တဲ့ စားအုန်းဆီနဲ့ စက် သုံးဆီဈေးနှုန်းများ တည်ငြိမ်မှုရရှိအောင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်များမှတစ် ဆင့် သင့်တင့်တဲ့ငွေလဲနှုန်းနဲ့ သွင်းကုန်တင်သွင်းတဲ့ ကုမ္ပဏီများကို တင်သွင်းတဲ့  လိုင်စင်တန်ဖိုးများ အတိုင်း နိုင်ငံခြားသုံးငွေများကို ရောင်းချပေးခဲ့ပါ တယ်။
ပြင်ပမှာဖြစ်ပေါ်နေတဲ့ ငွေလဲနှုန်းက တစ် ဒေါ်လာကို ၁၂၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူတင်သွင်းရ ရင် လက်ရှိ စားအုန်းဆီတစ်တန် (ဃှုၤ ဈေး) ၆၈၅ ဒေါ်လာ၊ ဆီကန်မှာ သိုလှောင်ထိန်းခ၊ အလျော့ တွက်၊  ကုန်သွယ်လုပ်ငန်းခွန်၊ ဆိပ်ကမ်းအခွန်၊ အမြတ်ခွန်နှင့်   အထွေထွေကုန်ကျစရိတ်များ အပါအဝင် တွက်ချက်ရင်  ရန်ကုန်ဆိပ်ကမ်း အရောက် စားအုန်းဆီ တစ်ပိဿာ ၁၄၉၀ ကျပ် ခန့်ကျသင့်မှာဖြစ်ပေမယ့် ဗဟိုဘဏ်ရဲ့ လက်ရှိငွေ လဲနှုန်း ၁၁၂၅ ကျပ် (တင်သွင်းတဲ့ ကုမ္ပဏီတွေကို ဒီဈေးနဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။) နဲ့ ဝယ် ယူတင်သွင်းခွင့်ရရှိထားတဲ့အတွက် စားအုန်းဆီ တစ်ပိဿာကို ၁၄၀၀ ကျပ်ခန့်ပဲကျသင့်မှာ ဖြစ်ပါ တယ်။ ( ဒီ ဃသာာနမခန ဲသကမညေူ ရဲ့ စာမျက်နှာ ၁၁ မှာ တွက်ချက်မှု အသေးစိတ်ဖော်ပြထားတာကို လေ့လာရင်သိနိုင်ပါတယ်)။
ဒါပေမယ့် ဒီနေ့ဖြစ်ပေါ်နေတဲ့ စားအုန်းဆီ တစ်ပိဿာဈေးနှုန်းကိုကြည့်ရင် ရန်ကုန်မှာ ၁၆၀၀ ကျပ်ဈေးနှုန်းဖြစ်နေတယ်။ ဆိပ်ကမ်းအရောက် ၁၄၀၀ ကျပ်ခန့်ပဲ ကျသင့်တာကို   သယ်ယူခ၊ အလုပ်သမားခ၊ အခြားအထွေထွေကုန်ကျစရိတ်က တစ်ပိဿာ ၂၀၀ ကျပ်ကျသင့်ပါ့မလား။ ဆီကန် ကနေ ဘုရင့်နောင်ကိုသယ်ရင် ဆီတစ်ပေပါ(၁၁၀ ပိဿာ)ကို ပေပါကတ်ဖိုးနဲ့ လုပ်သားခက ၂၀၀ ကျပ်၊ ကားခ ၈၀၀ ကျပ်၊ ဘုရင့်နောင်မှာ လုပ်သားခ ၁၀၀ ကျပ်၊ စုစုပေါင်း ၁၁၀၀ ကျပ်ပဲကျသင့်တာမို့ ဘုရင့်နောင်အရောက် တစ်ပိဿာကို ၁၀ ကျပ်သာ ကုန်ကျကြောင်း သိရပါတယ်။ နိုင်ငံတော်အနေနဲ့ စားအုန်းဆီ၊ စက်သုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီ တွေကို သင့်တင့်တဲ့ ငွေလဲနှုန်းနဲ့ နိုင်ငံခြားသုံးငွေ တွေ ရောင်းချပေးရတဲ့ ရည်ရွယ်ချက်က ပြည်ပ ကနေ ဈေးနှုန်းသက်သာစွာနဲ့ တင်သွင်းပြီး ပြည် တွင်းက စားသုံးသူ အများပြည်သူတွေဆီကို သင့် လျော်တဲ့ အမြတ်အစွန်းရယူကာ ထိုက်သင့်တဲ့ ဈေး နှုန်းနဲ့ ပြန်လည်ဖြန့်ဖြူးရောင်းချပေးနိုင်ဖို့ ရည် ရွယ်ပြီး ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီ တွေ အမြတ်ပိုရအောင်  လုပ်ပေးခဲ့တာ မဟုတ်ပါ ဘူး။
အခုတော့ ခုတ်ရာတခြား ထိရာတခြား ပုံစံ မျိုးဖြစ်အောင်၊ ဖြစ်သင့်တဲ့ဈေးထက်ပိုပြီး ရောင်း နေကြတာဟာ မဖြစ်သင့်ပါဘူး။ ဒါ့ကြောင့် စား အုန်းဆီအပါအဝင် အခြေခံစားကုန်များ၊ အခြား ကုန်စည်များရဲ့ ဈေးနှုန်းတွေဟာ ဖြစ်သင့်ဖြစ် ထိုက်တဲ့ ဈေးနှုန်းမှာ   ရှိနေရဲ့လားဆိုတာ စောင့် ကြည့်လေ့လာ ဝေဖန်ကြဖို့  အားလုံးမှာ တာဝန်ရှိပါ တယ်။                             
         UML