နိုင်ငံခြားငွေလဲနှုန်းတစ်ပတ်အတွင်း တစ်ဒေါ်လာလျှင် ကျပ်သုံးဆယ်နီးပါးအထိမြင့်တက်ခဲ့ပြီး ပြန်လည်ကျဆင်း

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ဆက်တိုက်မြင့်တက်ခဲ့သည့် ပြည်တွင်းငွေ လဲနှုန်းများသည် ယခုတစ်ပတ်တွင်လည်း ဆက်လက်မြင့်တက်ခဲ့ကာ တစ်ပတ်အတွင်း တစ်ဒေါ်လာလျှင် ၂၆ ကျပ်အထိ မြင့်တက်ခဲ့ပြီးနောက် တစ်ရက်အတွင်းတွင်ပင် ကျပ် တစ်ဆယ်ခန့် ပြန်လည်ကျဆင်းခဲ့သည်။ယင်းကဲ့သို့ ပြည်တွင်းငွေလဲနှုန်း များ အတက်အကျများ ပြင်းထန်နေသည့် အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်များ အေးလျက်ရှိကြောင်း၊ ထို့ပြင် ယခုကဲ့သို့ ပြည်တွင်း ငွေလဲနှုန်းများ ကမောက်ကမဖြစ်နေရခြင်းမှာ နိုင်ငံခြားငွေများ ကို ရောင်းချပေးရန် ပုဂ္ဂလိကဘဏ်များအား ဗဟိုဘဏ်မှ ညွှန်ကြားခဲ့သော်လည်း အဆိုပါဘဏ်များအနေဖြင့် ဒေါ်လာများကို ရောင်းချပေးနိုင်ခြင်းမရှိဘဲအဝယ် ကိုသာ ခွင့်ပြုထားသည့် အတွက်ကြောင့် ဖြစ် ရကြောင်း၊ ထို့ပြင် ယခုကာလသည် နိုင်ငံခြားခရီးသွားများ အဝင်နည်းပါးသည့်ကာလဖြစ်သည့်အတွက်နိုင်ငံခြားဝင်ငွေ လျော့ပါးသွားသည့်အချိန်ဖြစ်သလို ပြည်တွင်းမှ သွင်းကုန် လုပ် ငန်းရှင်များ၏ ဒေါ်လာလိုအပ်ချက်များ  ပိုမိုများပြားလာသည့်အတွက်ကြောင့် ဖြစ်ရကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ဒေါ်လာဈေးတွေကမောက်ကမ ဖြစ်လာတဲ့ အတွက် ဈေး ကွက်ပျက်သလိုကို ဖြစ်နေခဲ့တာ။ ဈေးကွက်ထဲမှာ အဝယ်အရောင်းက  ပြီးခဲ့တဲ့ရက်ကဆို လုံးဝကိုမရှိ လောက်သလိုဖြစ် သွားခဲ့တယ်။ ဈေးအတက် အကျ က မြန် လွန်းတော့ဈေးကို အချိန် နဲ့အမျှ စုံစမ်းနေရတယ်။ ဇူလိုင်လ ၈ ရက်နဲ့ ၉ရက်နေ့တွေကဆို တစ်ရက်ထဲမှာကို အချိန်နဲ့လိုက်ပြီး ဈေးက တက်နေတာ။ အဲဒီနှစ်ရက်အတွင်းမှာပဲ ဒေါ်လာဈေးက ၁၆ ကျပ်လောက်တက် သွားတယ်။ အဲဒီလိုတက်သွားတာက တရုတ်မှာဖြစ်နေတဲ့ စတော့ဈေးကွက်ပြဿနာကြောင့်လည်းပါတယ်။ အဲဒီပြဿနာက ကျွန်တော်တို့ ဆီကို ချက်ချင်းရောက်မလာနိုင်ပေ မယ့် ဈေးကစားမယ့် သူတွေ အတွက်ကတော့ အံကိုက်ဖြစ်နေတာ''ဟု ပြောကြားခဲ့သည်။ပြည်တွင်းငွေလဲဈေး ကွက် တွင် ဇူလိုင် ၆ ရက်က ရောင်းဈေး ၁၁၉၂ ကျပ်၊ ဝယ်ဈေး ၁၁၈၇ကျပ်ရှိခဲ့ပြီး ဇူလိုင် ၈ရက် နံနက်ပိုင်းတွင် ရောင်းဈေး ၁၂၀၂ကျပ်၊ ဝယ်ဈေး ၁၁၉၆ ကျပ်ရှိခဲ့ပြီး ညနေပိုင်းတွင် ရောင်းဈေး ၁၂၁၆ကျပ်၊ ဝယ်ဈေး ၁၂၀၆ ကျပ်သို့မြင့်တက်ခဲ့သည်။ ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက်မြင့် တက်ခဲ့ကာ ရောင်းဈေး ၁၂၂၀ ကျပ်၊ ဝယ်ဈေး ၁၂၁၀ကျပ်ဖြစ်ခဲ့ပြီး ညနေပိုင်းတွင် ရောင်းဈေး ၁၂၂၂ ကျပ်၊ ဝယ်ဈေး ၁၂၁၂ ကျပ်သို့ မြင့်တက်ခဲ့သည်။ သို့သော် ဇူလိုင် ၁၀ရက် နံနက်ပိုင်းဈေးကွက်ဖွင့်ချိန်တွင် ရောင်းဈေး ၁၂၁၅ ကျပ်၊ ဝယ်ဈေး ၁၂၀၅ ကျပ် သို့ ပြန်လည်ကျဆင်းခဲ့သည်။               
          မယ်သီတာ