မုံရွာကုန်စည်ဒိုင်၏ ဆီထွက်သီးနှံဈေးကွက်တွင် နှမ်းဈေးငြိမ်ပြီး မြေပဲဈေးတက်

မုံရွာကုန်စည်ဒိုင် ဇူလိုင်လလယ်  ဆီထွက်သီးနှံဈေးကွက်မှာ နယ်စုံ က နှမ်းအဝင်သွက်လာလို့ ပဲဆီဈေးငြိမ်နေပေမယ့် နယ်အဝင်ပါးပြီး ဝယ်လို အားမြင့်နေတဲ့ မြေပဲဆန် ကတော့ ဈေး တရိပ်ရိပ် တက်လာတာ တွေ့ရပါ တယ်။တရုတ်ပြည်က ဝယ်လိုအားမြင့်နေဆဲဖြစ်တဲ့ မြေပဲဆန်ဈေးကွက်မှာ ယခုလ  လဆန်းပိုင်းကပေါက်ဈေးထက် ယခုတစ်ပတ်မှာ တစ်ပိဿာ ကျပ် ၄၀၀ ခန့်မြင့်တက်လာခဲ့ရာ မြေပဲဆန်နီ တစ်ပိဿာ ၃၂၇၅ ကျပ်၊ မြေပဲ ဆန်ဖြူတစ်ပိဿာ ၃၂၀၀ ကျပ်အသီးသီး   ပေါက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် တစ်ရက်  ပိဿာ ၅၀၀၀ ခန့် ထိ ဖြစ် ခဲ့တယ်လို့ ဒိုင်ဈေးကွက်က ဆိုပါတယ်။ယခုတစ်ပတ်    နှမ်းဈေးကွက်မှာတော့   ရေသွင်းနှမ်းအချို့ ဒိုင်ကို ဆက်လက်ဝင်ရောက်လျက်ရှိပြီး၊ ရာသီဥတုကြောင့်   အထွက်နှုန်းလျော့ သလို အရည်အသွေးပါ  နိမ့်ကျမှုရှိတယ်လို့ ပွဲရုံရပ်ကွက်က  ဆိုပါတယ်။ ပေါက် ဈေးအားဖြင့် နှမ်းညိုတစ်တင်း ၂၈၅၀၀ ကျပ်မှ ၂၉၀၀၀ ကျပ်နဲ့ နှမ်းဖြူ တစ်တင်း ၃၄၅၀၀ ကျပ်အသီး သီးဖြစ်ပေါ် ခဲ့ပြီး အရောင်းအဝယ်အနေနဲ့ နှမ်းမျိုးစုံ တစ်ရက် တင်း ၁၅၀၀ မှ ၂၀၀၀ ကြား နေ့စဉ်ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။စားသုံးဆီဈေးကွက် မှာလည်း  မြေပဲဆီဟာ လဆန်းပိုင်းက တစ် ပိဿာ ၅၀၀၀ ကျပ်သာ  ပေါက်ခဲ့ပေမယ့် ယခုတစ်ပတ်မှာ ၅၅၀၀ ကျပ်ထိ ဈေမြင့်လာခဲ့ပါတယ်။ နှမ်းဆီဈေးကတော့ လဆန်းပိုင်းက တစ်ပိဿာ ၃၆၀၀ ကျပ် ပေါက်ခဲ့ရာက ယခုအခါမှာ ၃၇၀၀ ကျပ် ဖြစ်လာခဲ့လို့ အနည်း ငယ်ဈေးတက်လာပါတယ်။စားအုန်းဆီဈေးမှာလည်း လဆန်း ပိုင်းက တစ်ပိဿာ ၁၅၆၀ ကျပ် ပေါက်ခဲ့ရာမှ  ယခုတစ်ပတ်မှာ တစ်ပိဿာ ၁၆၂၀ ကျပ်ထိဈေး အနည်း ငယ်တက်လာတာ တွေ့ရပါတယ်။ နှမ်းဖတ်ဆီခေါ် ရောနှောဆီကတော့ တစ်ပိဿာ ၂၄၀၀ ကျပ်နဲ့ ဈေးကွက်မှာ အရောင်းအဝယ်  သွက်နေသလို နေကြာဆီကတော့ လက်လီ တစ်ပိဿာ ၃၄၀၀ ကျပ်ဝန်းကျင်မှာ ဆက် လက်ဈေးမာလျက်ရှိတယ်လို့ မုံရွာကုန်စည်ဒိုင် ရပ်ကွက်က လေ့လာသိရှိရ ပါတယ်။                                                                     

   ထွန်းလှိုင်-မုံရွာ