ရွှေဘိုဆန်စပါးဈေးကွက် ဇူလိုင် စတုတ္ထပတ်အတွင်း အနည်းငယ်မြင့်တက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင် ရွှေဘိုမြို့ ဆန်စပါးဈေးကွက်တွင် ဇူလိုင်တတိယပတ်မှ စတုတ္ထပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ရွှေဘိုပေါ်ဆန်းမွှေးနှင့် ဧရာမင်းစပါး ဆန်တွေ နယ်မှအဝင်နည်းပြီး ဈေးအနည်းငယ်မြင့်တက် သော်လည်း အရောင်းအဝယ်အနေနဲ့ ပုံမှန်သာဖြစ်နေတယ်လို့ ကုန်သည်ပွဲစားများ သတင်းရပ်ကွက်က သိရပါတယ်။ နွေအသွယ် စနှင့် ၇၄၇ စပါးဆန်အနေနဲ့  ဗန်းမော်ဒေသမှ ဝယ်လက်အားကောင်းနေသည့်အတွက်   အရောင်းအဝယ်သွက်နေကြောင်းလည်း ဈေးကွက်မှ သိရပါတယ်။ ယခင်ဇူလိုင်ဒုတိယပတ် ဈေးနှု န်းမှာ ရွှေဘိုပေါ်ဆန်းမွှေး စပါးတင်း ၁၀၀ ကို ၁၁၄၅၀၀၀ ကျပ်မှ ၁၁၅၀၀၀၀ ကျပ်၊ ဧရာမင်းစပါး တင်း ၁၀၀ ကို ၆၉၀၀၀၀ ကျပ်မှ ၇၀၀၀၀၀ ကျပ်၊ နွေအသွယ်စပါး တင်း ၁၀၀ ကို ၄၆၀၀၀၀ ကျပ်မှ ၄၇၀၀၀၀ ကျပ်၊ နွေ ၇၄၇ စပါး တင်း ၁၀၀ ကို ၅၂၀၀၀၀ ကျပ်မှ ၅၃၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေးဆန် တစ်အိတ်ကို ၃၉၀၀၀ ကျပ်မှ ၃၆၅၀၀ ကျပ်၊ ဧရာမင်း ဆန် တစ် အိတ် ၃၀၅၀၀ ကျပ်မှ ၃၁၅၀၀ ကျပ်၊ နွေအသွယ်စ ဆန် တစ်အိတ်ကို ၁၉၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်၊ နွေ ၇၄၇ ဆန်တစ်အိတ်ကို ၁၉၀၀၀ ကျပ်မှ ၂၀၅၀၀ ကျပ်နဲ့ ယခု ဇူလိုင်စတုတ္ထ ပတ် ဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း ၁၀၀ ကို ၁၁၇၅၀၀၀ ကျပ်မှ ၁၁၈၀၀၀၀ ကျပ်၊ ဧရာမင်း စပါးတင်း ၁၀၀ ကို ၇၂၀၀၀၀ ကျပ်မှ ၇၂၅၀၀၀ ကျပ်၊ နွေအသွယ်စပါး တင်း ၁၀၀ ကို ၄၆၀၀၀၀ ကျပ်မှ ၄၇၀၀၀၀ ကျပ်၊ နွေ ၇၄၇ စပါးတင်း ၁၀၀ ကို ၅၄၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး ဆန် တစ်အိတ်ကို ၃၉၅၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်၊ ဧရာမင်းဆန် တစ် အိတ်ကို ၃၃၀၀၀ ကျပ်မှ ၃၃၅၀၀ ကျပ်၊ နွေအသွယ်စဆန်တစ်အိတ်ကို၂၀၀၀၀ ကျပ်မှ ၂၁၀၀၀ ကျပ်၊ နွေ ၇၄၇ ဆန်တစ်အိတ်ကို ၂၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ကုန် သည်များဈေးကွက်မှ သိရပါတယ်။

 

ညိုညို-ရွှေဘို