မုံရွာကုန်စည်ဒိုင် သြဂုတ်လပထမပတ် ကုလားပဲဈေး စံချိန်တင်

     မုံရွာကုန်စည်ဒိုင် ပဲဈေးကွက် ဇူလိုင်လလယ်မှာ ကုလားပဲမျိုးစုံ စံချိန်တင် ဈေးမြင့်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့ တဲ့ အမြင့်ဆုံးဈေးထက် တစ်တင်း ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ဈေးတက်ခဲ့တာဖြစ်ပြီး ယခု တစ်ပတ်မှာ ထိုင်ဝမ်ပဲလက်ကျန်မရှိလို့ ဈေးမဖွင့်နိုင်ခဲ့ပေမယ့် V 2  ကတော့ တစ်တင်း ၂၈၀၀၀ ကျပ်အထိနဲ့၊ ၉၂၉  ကုလားပဲက တစ်တင်း ၂၈၅၀၀ ကျပ်အထိ အသီးသီးပေါက်ဈေး ဖြစ်ခဲ့ပါတယ်။
     Export ဝယ်လက်ဝယ်လိုအားရှိခဲ့တဲ့အပြင် မုံရွာဒေသ ပဲခွဲစက် နှင့် အမှုန့်ကြိတ်စက်လုပ်ငန်းတွေ  ဝါတွင်းကာလကုန်ချောဝယ်လိုအား သွက်ခဲ့ခြင်းနဲ့  ပဲကြာဆံစက်လုပ်ငန်းသွက်လက်လာတာမို့ ဝယ်လိုအား ကောင်းခဲ့ကာ  အခု လို ဈေးမြောက်လာခြင်းဖြစ်တယ်လို့ ကုန်သည် ရပ်ကွက်က ဆိုပါတယ်။  ယခုတစ်ပတ်အတွင်း မုံရွာမြို့နယ်တစ်ဝန်း ရေလွှမ်းမိုးမှုကြောင့်ဒိုင်မှာ လူမစုံပေမယ့် ကုလားပဲမျိုးစုံ တစ်ရက်အိတ် ၇၀၀ မှ ၈၀၀ အကြား အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။

 

ထွန်းလှိုင်-မုံရွာ