မုံရွာကုန်စည်ဒိုင်စိမ်းကြီးဈေးကွက် ပဲသစ်ပေါ်ချိန် ဈေးကျ

ပြီးခဲ့တဲ့ သြဂုတ်လ  လဆန်းပိုင်းကဒိုင်မှာပဲလက်ကျန် နည်းပြီး  Export ဝယ်လက်ဝယ်လိုအားကောင်းခဲ့လို့ စိမ်းကြီး ဈေးမှာ တစ်တင်း ၄၁၀၀၀ ကျပ်ထိ ဈေးပေါက်ခဲ့ပြီး ယခုတစ် ပတ် မိုးပဲတီအသစ်တွေ ပေါ်ချိန်မှာတော့ တစ် တင်း ၃၄၀၀၀ ကျပ်ထိ ဈေးကျဆင်းသွားတာ တွေ့ရပါတယ်။မုံရွာခရိုင် လေးမြို့နယ် မှာတော့ ရာသီဥတုအခြေအနေ အရ မိုးကြိုပဲတီ ကို ရေသွင်းစိုက်ပျိုးမှုများပြားခဲ့ရာ ၁၇၂၈၅ ဧက လျာထားတဲ့အနက် ဧက ၂၃၈၅၀   အမှန်စိုက်နိုင်ခဲ့လို့ ဧက ၆၀၀၀ ကျော်ပိုမိုစိုက်ပျိုးနိုင်ခဲ့တယ်လို့ အချက်အလက် တွေအရ သိရပါတယ်။
ယခုအခါတွင် ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးမှုနောက် ကျခဲ့ရာ လျာထားဧက  ၇၃၅၅၀ အနက် ၂၃၆၆၂ ဧကသာ စိုက်ပျိုးနိုင်ခဲ့ပြီး ဆက်လက်စိုက်ပျိုးကြမယ်လို့ တောင်သူတွေ က ဆိုပါတယ်။လောလောဆယ် မုံရွာဒိုင်မှာ စိမ်းကြီးအသစ်တွေ တစ် ရက် အိတ် ၅၀၀ ခန့်ဝင်ခဲ့ပြီး ဝင်သလောက်ပေါက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။
ထွန်းလှိုင်-မုံရွာ