EDNA Myanmar ၏ တစ်နိုင်တစ်ပိုင် အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် နည်းပညာနှင့် လုပ်ငန်းဖွံ့ဖြိုးမှု မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

EDNA Myanmar  ၏ တစ်နိုင်တစ်ပိုင်အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများအတွက်စွန့်ဦးတီထွင် စီးပွားရေးစွမ်းဆောင်မှုနည်းပညာ နှင့်လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တ င်ရေး  ဆွေးနွေး ပွဲကို သြဂုတ် ၂၉ရက်က ရန်ကုန် မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါဆွေးနွေး ပွဲကိုEDNA Myanmar  မှကြီးမှူးကျင်းပခြင်းဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ တာဝန်ရှိသူများ၊ EDNA Myanmar  မှ ဖွင့်လှစ်လျက်ရှိသည့် တစ်နိုင်တစ်ပိုင် အသေးစား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးရေးသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ  တက် ရောက်ခဲ့ကြကြောင်း သိရ သည်။ယင်းဆွေးနွေးပွဲတွင် ယခင် သင်တန်းတက်ရောက်ခဲ့ကြသည့် သင် တန်းသား၊ သင်တန်းသူများက လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ၎င်းင်းတို့ တွေ့ကြုံခဲ့ရသည့် အခြေအနေများ၊ အခက်အခဲများကို တင်ပြဆွေး နွေးခဲ့ကြသည်။စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုသင် တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းမြင့်ဝေကတက် ရောက်လာကြသည့်တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့လက်ရှိ လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းများအား တစ်နိုင်တစ်ပိုင်အဆင့်မှ အသေး စား အလတ်စားအဆင့်သို့ တက်လှမ်းနိုင်အောင်လုပ်ဆောင်ကြရန်၊ ထိုမှ တစ်ဆင့် နိုင်ငံ တကာ သို့ ထိုးဖောက်နိုင်သည်အထိ လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။           

မယ်သီတာ