ဘိလပ်မြေ ဈေးငြိမ်ပြီး အရောင်းအဝယ်အေးနေ

သြဂုတ် ၁၆ ရက် ရက်မှ ၂၂ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ ၈၆၁၉၂ တန်ကျော် ရှိခဲ့တယ်လို့ သိရပါ တယ်။ ယခင် သီတင်း ပတ် ဘိလပ်မြေအဝင်မှာ ၃၁၃၃၀ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ် မြေ တန် ၅၄၈၆၀ ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်မှာ ၇၁၆၅ တန်ကျော်ရှိခဲ့ပြီး ယခင် တစ်ပတ်အဝင်မှာ ၁၅၇၉၀ တန်ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ  ၈၆၂၀ တန် ကျော်  အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာရေလမ်းမှ အဝင်ပိုပြီး နယ်စပ် လမ်း မှ  အဝင်လျော့ခဲ့တယ် လို့ သိရပါတယ်။ရန်ကုန်ဘိလပ်မြေဈေးကွက်မှာ ဒီတစ်ပတ်မှာလည်း အရောင်းအဝယ် ပုံမှန် ရှိပြီး ဈေးငြိမ်နေသေးတယ်လို့ သိရပါတယ်။ မိုးကာလ ဖြစ်နေပေမယ့် အသုံးရှိနေတာ ကြောင့် အရောင်းအဝယ်က ဖြစ်နေတာပါပဲလို့ ဘိလပ်မြေအရောင်းဆိုင်မှတာဝန်ရှိ သူတစ်ဦးက ဆိုပါတယ်။   ဈေးကွက်ထဲ  အရောင်းအဝယ်ဖြစ်တဲ့  ဈေးက ဆင်(ထိုင်း) ၆၁၀၀ ကျပ်၊  စိန် ၆၀၀၀  ကျပ်၊ အပါချီ ၅၅၀၀  ကျပ်၊ ကြံ့နှစ်ကောင်(အနီ) ၅၅၀၀ ကျပ်၊  ကြံ့နှစ်ကောင် (အစိမ်း) ၅၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။
မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက  အရောင်းအေးတယ်လို့ သိရပါတယ်။မိုးကာလမှာ အရောင်းထိုင်းတယ်။ ဒီတစ်ပတ်မှာဆင်(ထိုင်း)က၁၀၀ ကျပ်ဈေးမြင့် ခဲ့ပြီး ကြံ့(မြိုင်ကလေး) က ၁၅၀ ကျပ်နဲ့ စိန် က၅၀ ကျပ် ဈေးကျခဲ့တယ်လို့ သိရပါ တယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ   ဆင်(ထိုင်း) ၅၅၀၀ ကျပ်၊ စိန် (ထိုင်း) ၅၁၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၉၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သိရှိရပါတယ်။တောင်ကြီးဈေးကွက် မှာ ဘိလပ်မြေက  အရောင်းအဝယ်အေးတယ်လို့သိရပါ တယ်။ မိုးများလာတာကြောင့် အသုံးနည်းတယ်။  အရောင်းအေးသလို ဈေးလည်း ငြိမ်နေတယ်လို့ သိရပါတယ်။  ဒီတစ်ပတ်  ဈေးကွက်ထဲ  အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ စိန် (ယိုးဒယား) ၇၂၀၀ ကျပ်၊  ခြင်္သေ့ ၅၀၀၀ ကျပ်၊   အပါချီ ၅၁၀၀ကျပ်၊ ကျားခေါင်း ၄၉၀၀ကျပ်၊နဂါး ၅၂၀၀ ကျပ်၊ ကမ္ဘောဇ ၄၉၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ် တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။