မြေသြဇာ အရောင်းအဝယ်ပုံမှန်သာရှိနေ

သြဂုတ်လ ၂၃ ရက်မှ ၂၉ ရက်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ ၄၀၀၉ တန်ကျော် အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၅၃၀၄ တန် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ  တန် ချိန် ၁၁၂၉၀ ကျော် အဝင်လျော့ခဲ့တယ် လို့ သိရပါတယ်။နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေသြဇာအဝင်မှာ ၁၅၄၂၈ တန် ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ  ၂၀၇၄၀ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ  ၅၃၀၀ တန်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ် ပတ်မှာ ရေလမ်းမှရော နယ်စပ်လမ်းမှပါ  မြေသြဇာ  အဝင်လျော့ခဲ့တယ်လို့ သိရ ပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်  မြေသြဇာက ယခင်တစ်ပတ်လိုပဲအရောင်းသွက်တယ်လို့ သိရပါတယ်။နယ်အစွဲရှိသလို မြို့နားက စိုက်ခင်းတွေအတွက်ပါ အဝယ်ရှိနေ တာေ ကြာင့်  ရောင်းအား  ကောင်းနေတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်  ပုလဲ -အသေး၊ ကွန်ပေါင်း၁၅ ပတ်လည်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)က ဈေးနည်းနည်းမြင့်ခဲ့တယ်လို့ သိရ ပါ တယ်။ကျန်မြေသြဇာများက ယခင်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးမှာ  ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်)(တရုတ်) ၂၄၃၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅ပတ်လည်(ထိုင်း) ၃၆၅၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ၁၅ ပတ်လည် (ထိုင်း) ၃၁၀၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၂၅၀၀ ကျပ်၊တီစူပါ ၁၆%(မြားကမ္ဘာ-တရုတ်) ၁၂၅၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ် တယ်လို့ စုံစမ်းရရှိခဲ့ပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာကအရောင်းအေးပြီး  ဈေးငြိမ်နေတယ်လို့ သိရပါ တယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးမှာ မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ) ၁၇၀၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ ၁၆၀၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၆၅၀၀ ကျပ်၊ အာမို ၁၅ ပတ် လည် ၃၇၀၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၄၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်)၂၅၁၀၀ ကျပ်၊ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၃၄၀၀ ကျပ်၊ ယူရီးယား၃၈၅၀၀ ကျပ်၊ တီစူပါ ၂၆၅၀၀ ကျပ်၊ ပိုတက် ၂၆၅၀၀ကျပ်၊ တောင်သူမ ၁၅၉၀၀ ကျပ်ဈေးရှိတယ်လို့ မြေသြဇာအရောင်းဆိုင်မှ  စုံစမ်းသိရှိရ ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက အနည်းငယ်သာ ရောင်းရတယ် လို့ သိရပါတယ်။   ဒီအချိန်  သနပ်ဖက်အတွက် မြေဆီအသုံးရှိနေတာကြောင့်  တီစူပါ ၁၀း၁၀း၅ မြေသြဇာကို အဝယ်များကြတယ်။ ဒါကြောင့်လည်း  ဈေးက နည်းနည်း မြင့်လာတယ်။  ဒီတစ်ပတ်မှာယူရီးယားမြေသြဇာဈေးကျပြီး ကျန်မြေသြဇာများကဈေးနည်းနည်းမြင့်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ  ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၃၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေ တောင်-တရုတ်) ၂၃၈၀၀ ကျပ်၊ ယူရီး ယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၅၅၀၀ ကျပ်၊တီစူပါ ၁၂% (တရုတ်) ၁၂၈၀၀ ကျပ်၊တီစူပါ ၁၆% (တရုတ်) ၁၃၅၀၀ ကျပ်၊ တီစူပါ ၁၅ပတ်လည် (တရုတ်) ၃၇၃၀၀ ကျပ်၊ တီစူပါ၁၀း၁၀း၅ (တရုတ်) ၁၇၀၀၀ကျပ်၊  ဓာတ်ဆား(တရုတ်) ၁၆၇၀၀ ကျပ်၊ ပိုတက်(တရုတ်)၂၆၈၀၀ ကျပ်၊ ယူရီးယား (ယူအေ =အီး) ၂၂၀၀၀ ကျပ်၊ မြားကမ္ဘာ ၁၆၈၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့    ဈေး ကွက်အတွင်းမှ စုံစမ်းသိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဒီတစ်ပတ် မှာ မြေသြ ဇာ က အရောင်းပုံမှန်ရှိတယ် လို့သိရပါတယ်။ ဒီတစ်ပတ်မှာ ယူရီးယား နဲ့ တီစူပါက ဈေးနည်း နည်းမြင့်လာခဲ့ပြီး ကျန်မြေသြဇာများကယခင်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ် ။ ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးမှာ ယူရီးယား (ရွှေတောင် -တရုတ်)၂၄၅၀၀ ကျပ်၊  ယူရီးယား (နေရွက်လှေ-တရုတ်)  ၂၄၅၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်)၂၁၈၀၀ ကျပ်၊ ပိုတက် (အိန္ဒိယ) ၂၃၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ ၃၄၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့  ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

သီတာဝင်း (DOT)