ဒီတစ်ပတ် ဓာတ်ဆီအဝင်လျော့ပြီး ဒီဇယ်အဝင်ပို

သြဂုတ် ၂၃ ရက်မှ ၂၉  ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၃၃၀၂၈၅၅၃ တန်ဖိုးရှိ ဒီဇယ်  ၄၆၆ ဒသမ ၄၃၄ တန်နဲ့ ကန်ဒေါ်လာ ၃၅၀၅၄၆၃၀ တန်ဖိုးရှိ ဓာတ်ဆီ ၅၀၅ ဒသမ ၁၈၃ တန်ကို   ပင်လယ်ရေကြောင်း  ကုန်သွယ်မှုလမ်းမှ တင်သွင်းရန် သွင်းကုန်လိုင်စင်  လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီကို မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့မှ တင်သွင်းခဲ့ တယ် လို့ သိရပါတယ်။ယခင်တစ်ပတ်မှာ ဒီဇယ် အဝင်မှာ တန် ၇၆၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၂၉၆ ကျော် အဝင် လျော့ခဲ့ပြီး ယခင်တစ်ပတ် ဓာတ်ဆီအဝင်မှာ ၆၂ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ  တန် ချိန် ၄၄၀  ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ် မှာ ဓာတ်ဆီအဝင်ပိုပြီး ဒီဇယ်အဝင်လျော့ခဲ့ပါတယ်။ပြည်တွင်းပုဂ္ဂလိက စက် သုံး ဆီဆိုင်များမှာသြဂုတ် ၂၄ ရက်နေ့မှ သြဂုတ် ၂၈ရက်အတွင်း ရောင်းချနေတဲ့ဓာတ်ဆီ၊ ဒီဇယ်ဈေးများက မော်လမြိုင်နဲ့ ရန်ကုန်မှာ ဈေးငြိမ်နေပြီး တောင်ကြီးမှာ ဒီဇယ် ဈေး နည်းငယ်မြင့် လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပြင်ပမှာ လက်လီရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီပီပါ ဈေးများမှာလည်း ယခင်တစ်ပတ်ဈေးနှင့် နှိုင်းယှဉ်ကြည့်ရင်ရန်ကုန်မှာ ဓာတ်ဆီရော ဒီဇယ် ပါဈေးငြိမ် နေတယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့  ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်  ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာရောင်းချနေတဲ့ဈေးမှာ ဒီဇယ် ၆၆၀ ကျပ်၊အောက်တိန်း (၉၂)၇၁၀ကျပ်၊ အောက်တိန်း(၉၅) ၈၁၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၇၀၀ ကျပ်နဲ့အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေ တဲ့ပီပါဈေးများမှာ သြဂုတ် ၃၁ရက် ဓာတ်ဆီဝယ်ဈေး ၁၄၂၀၀၀ ကျပ်၊ ရောင်းဈေး ၁၄၅၀၀၀  ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ စက်တင်ဘာ၂ ရက်နေ့မှာ ဝယ်ဈေး၊ ရောင်းဈေး၂၀၀၀  ကျပ်ဝန်းကျင် ဈေးကျခဲ့တယ်လို့သိရပါတယ်။ ဒီဇယ်ဈေးမှာ သြဂုတ် ၃၁ ရက်မှာ ဝယ်ဈေး ၁၂၅၀၀၀ ကျပ်၊ ရောင်းဈေး ၁၂၇၀၀၀  ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ရာ တစ်ပတ်လုံးဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။  တစ်ဂါလန် ဝယ်ဈေး၊ ရောင်းဈေးများမှာ ဓာတ်ဆီဈေးက တစ်ဂါလန် ၃၅၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။  မန္တလေးဈေးကွက် မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကဆိုင်များတွင်ရောင်းချနေတဲ့ဈေးမှာ  ဓာတ်ဆီ၊ အောက်တိန်း၊ ဒီဇယ်နဲ့ အဆင့် မြင့်ဒီဇယ်မှာ ဈေးငြိမ်နေတယ်လို့သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချ နေတဲ့ဈေးမှာ ဓာတ်ဆီ  တစ်လီတာ ၇၁၀ ကျပ်၊ အောက်တိန်း ၇၃၅ ကျပ်၊ ဒီဇယ် ၆၇၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၇၃၅ ကျပ် နဲ့ ရောင်းချနေပါ တယ်။ ပြင် ပ လက်လီ ဆိုင် များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ သြဂုတ် ၃၁ ရက်မှာ ဒီဇယ်ဝယ် ဈေး ၁၂၉၀၀၀ ကျပ်၊ ရောင်းဈေး ၁၃၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ရာ တစ်ပတ် လုံးဒီဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ သြဂုတ်  ၃၁ ရက်နေ့ ဝယ်ဈေး ၁၄၅၀၀၀ ကျပ်၊ ရောင်းဈေး ၁၄၈၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ ရာ နောက် ရက် များတွင် ဒီဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဓာတ်ဆီ ၁၀၀၀ ကျပ် ဈေးကျခဲ့ပြီး ဒီဇယ်မှာ ဈေးအပြောင်းအလဲ သိပ်မရှိခဲ့ ဘူးလို့သိရ ပါတယ်။  ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ ဒီဇယ် ၃၁၀၀ ကျပ်၊ ဓာတ်ဆီ ၃၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက် မှာ ဓာတ်ဆီ၊ ဒီဇယ် ကပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ဒီတစ်ပတ် စက်သုံးဆီဈေးများမှာဓာတ်ဆီဈေးအနည်းငယ်ကျခဲ့ပြီး ဒီဇယ်မှာ ဈေးနည်းနည်းမြင့်ခဲ့တယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံး ဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီတစ်ဂါလန် ၃၀၀၀ ကျပ်၊  ဒီဇယ်၃၅၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့သိရှိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ ၃၃၀၀ ကျပ်၊ ဒီဇယ် ၃၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါ တယ်။မော်လမြိုင်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဓာတ်ဆီ၊အောက်တိန်း၊ ဒီဇယ်မှာ ဈေးငြိမ်ပြီး  အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်   ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ဈေးများက ဓာတ်ဆီ တစ်ဂါလန် ၃၆၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၁၅၀ ကျပ်၊ အောက်တိန်း ၃၃၃၀ ကျပ်နဲ့ရောင်းချတယ်လို့ သိရပါတယ်။ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၇၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၂၀၀ ကျပ်၊ အောက်တိန်း ၃၄၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါ တယ်။
MIRT-DOT