ငွေလဲနှုန်းမြင့် တက်မှုနှင့်အတူမြန်မာ့ရွှေဈေးပြန်လည်မြင့်တက်လာ

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း က ပြန်လည်ကျဆင်းခဲ့သည့် မြန်မာ့ ရွှေဈေးသည် ယခုတစ်ပတ်တွင်  ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရ သည်။ပြည်တွင်း ငွေလဲနှုန်း များမြင့်တက် ခဲ့မှုကြောင့် ပြည်တွင်းရွှေဈေးများမြင့် တက်လာရခြင်းဖြစ်ကြောင်း ရွှေကုန်သည်အသိုင်းအဝိုင်းမှ ပြောကြားခဲ့သည်။ ရွှေဈေးများ ပြန် လည် မြင့်တက်လာ မှုကြောင့် ရွှေဈေးကွက် အတွင်း အရောင်းအဝယ်များ ပြန်လည်လှုပ် လာခဲ့ကြောင်းသိရသည်။''ဒေါ်လာဈေးပြန်တက်လာတော့ ရွှေဈေးလည်းပြန်တက်လာတယ်။ ပြီးခဲ့ တဲ့ တစ်ပတ်က ပြန်ကျလာခဲ့ပေမယ့် ဒီတ ပတ် ဈေးပြန် ဖွင့် ကတည်းက တက် ဈေးနဲ့ ဖွင့်ခဲ့တာ။စက်တင်ဘာလ ၄ ရက်နေ့မှာ ဈေးပြန်ကျတယ်ဆိုပေမယ့်သိပ်ပြီးအကျကြီး တော့မဟုတ်ပါဘူး။ ဒီအထဲမှာအဝယ်ထက် အရောင်း က ပိုများလာတယ်။ ရောင်းတဲ့သူတွေ များ လာပေမယ့် ဈေးကအများကြီးကျ မသွားပါဘူး''ဟုရွှေကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။မြန်မာ့ရွှေဈေးသည် သြဂုတ်လ ၂၉ ရက်နေ့က  ကျပ် ၇၅၅၀၀၀ ရှိခဲ့ သော်လည်း သြဂုတ်လ ၃၁ ရက်နေ့ ဈေးဖွင့်ချိန်တွင်   ကျပ် ၇၆၅၅၀၀ ဖြင့်ဈေးဖွင့်ခဲ့သည်။စက်တင်ဘာလ ၁ ရက်နေ့တွင် ဆက်လက်မြင့်တက်ခဲ့ရာ     ကျပ် ၇၇၁၀၀၀ သို့  ရောက်ရှိခဲ့သည်။ စက်တင်ဘာလ ၂ ရက်နေ့ဈေးဖွင့် ချိန် တွင် ဆက်လက်မြင့်တက်ခဲ့ရာကျပ် ၇၇၂၀၀၀ သို့ ရောက်ရှိခဲ့သည်။ထို့နောက် အနည်းငယ်ပြန်လည် ကျဆင်းခဲ့ရာ စက်တင် ဘာ လ ၃ ရက် နေ့တွင် ကျပ် ၇၆၄၀၀၀ သို့ ရောက်ရှိခဲ့ သည်။ စက်တင်ဘာလ ၄ရက်နေ့တွင် ကျပ် ၇၆၂၅၀၀ သို့ ဆက်လက်ကျဆင်း ခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်  သြဂုတ်လ ၃၁ ရက်နေ့ တွင် ၁၁၃၄ ဒေါ်လာရှိခဲ့ပြီး စက်တင်ဘာလ  ၁  ရက်နေ့တွင် ၁၁၄၂ ဒေါ်လာသို့  မြင့်တက်ခဲ့သည်။ စက် တင်ဘာ လ ၃ ရက်နေ့တွင် ၁၁၃၂ ဒေါ်လာသို့ ကျဆင်းခဲ့ပြီး စက်တင်ဘာ လ ၄ ရက်နေ့တွင် ၁၁၂၄ ဒေါ်လာသို့ ထပ်မံကျ ဆင်းခဲ့သည်။
မယ်သီတာ