မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၁၆-၈-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

    

၁။      ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကိုTradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါ ကခွင့်ပြုပေး လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ၁၅ရက်နေ့တွင် လာရောက်လျှောက်ထားမှု များမှသွင်းကုန်လိုင်စင်(-)စောင်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ ၁၅ရက်နေ့အထိ ပို့ကုန်လိုင်စင် (-)စောင်နှင့် သွင်းကုန်လိုင်စင် (၁၆၄) စောင်ခွင့်ပြုထုတ်ပေးခဲ့ပါသည်။

၂။     မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့်ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြားထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကိုတင်ပို့သူမှတောင်းခံလာ ပါကစည်းစည်းမျဉ်း၊စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။၂၀၂၃ခုနှစ်၊ဩဂုတ်လ ၁၅ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ(၄၀)စောင်ဖြစ်ပြီး လက်ဘက်ခြောက်၊ ဆံပင်၊ ဝါဂွမ်း၊ ကဏန်းငါးရှဉ့် တို့လျှောက်ထားမှု ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှ ၁၅ ရက်အထိ စုစုပေါင်း Form E (၅၃၂)စောင် ခွင့်ပြု ထုတ်ပေးခဲ့ပါသည်။

၃။     ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် ပို့ကုန်အမှန်တင်ပို့မှုအနေဖြင့် ငါးရှဉ့် (၀.၁၉၀) ဒေါ်လာ သန်း၊ ကြက်သွန်နီ (၀.၁၄၃)ဒေါ်လာသန်း၊ နနွင်းတက် (၀.၁၀၇)ဒေါ်လာသန်း၊ ကဏန်း (၀.၁၀၁)ဒေါ်လာသန်း၊ ကြေးနီ (၀.၀၉၈) ဒေါ်လာသန်း၊ ရေခဲငါးရှဉ့် (၀.၀၇၇) ဒေါ်လာသန်း၊ ပြောင်းဖူးစေ့ (၀.၀၃၉) ဒေါ်လာသန်း၊ ကွမ်းသီးလုံး (၀.၀၃၁)ဒေါ်လာသန်း၊ မိကျောင်းကွမ်း ဖတ်စေ့ (၀.၀၃၀)ဒေါ်လာသန်း၊ ငါးမှုန့် (၀.၀၂၀) ဒေါ်လာသန်း အများဆုံးတင်ပို့လျက်ရှိပါသည်။

၄။     သွင်းကုန်အမှန်တင်သွင်းမှုအနေဖြင့် ဒီဇယ် (၀.၁၈၈)ဒေါ်လာသန်း၊ ဓာတ်ဆီ (၀.၁၂၀) ဒေါ်လာ သန်း၊ အဝတ်အထည်များ (၀.၀၈၆)ဒေါ်လာသန်း၊ PVC FILM ပြား ၀.၀၈၁)ဒေါ်လာသန်း၊ စတီးပိုက်များ(၀.၀၆၄) ဒေါ်လာသန်း၊ မီးခံမြေစေး (၀.၀၅၇) ဒေါ်လာသန်း၊ လျှပ်ကူးဝါယာကြိုး များ (၀.၀၅၃) ဒေါ်လာသန်း၊ SPOCKET (၀.၀၅၂)ဒေါ်လာသန်း၊ BOLT & NUT (၀.၀၄၆)ဒေါ်လာ သန်း ၊ ဖိနပ်အမျိုးမျိုး (၀.၀၂၉) ဒေါ်လာသန်း အများဆုံးတင်သွင်းခဲ့ပါသည်။

၅။     ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ၁၅ရက်တွင် ပို့ကုန်ယာဉ်စီးရေ (၆၄)စီး၊ သွင်းကုန်ယာဉ်စီးရေ (၈၀)စီး၊ စုစုပေါင်း (၁၄၄)စီး၊ ပို့ကုန်(၀.၈၉၂) ဒေါ်လာသန်းနှင့် သွင်းကုန်(၁.၅၁၇)ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ ၁၅ရက်အထိပို့ကုန် ယာဉ် စီးရေ (၉၆၃)စီး၊ သွင်းကုန်ယာဉ်စီးရေ (၆၄၂)စီးကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

၆။     မြန်မာ-တရုတ်နယ်စပ်ဒေသကုန်သွယ်မှုများအတွက်ငွေပေးချေမှုကိုယွမ်ငွေကြေး၊ ဒေါ်လာ ငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကိုဒေါ်လာငွေကြေး အပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုပြီးဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်း များနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကိုယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက် လျက်ရှိပါသည်။

၇။     မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ(၁)တန်လျှင် (၅၂၀၀-၅၉၀၀) ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀) ယွမ်၊ မြေပဲဆံ(၁) တန်လျှင် (၉၅၀၀-၉၇၀၀)ယွမ်၊ ဧည့်မထဆန် (၁)တန်လျှင် (၃၄၀၀)ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၃၀၀၀)ယွမ်၊ ရာဘာRSS-3(၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေ ကြောင်းသိရှိရပါသည်ျ။

၈။     ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်း တစ်ဖက်နိုင်ငံဝယ်ယူသည့် ကုန်ဝယ်သူမှပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်းဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများဝင်ရောက်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပေးအကြောင်းကြားပြီးဖြစ်ပါသည်။

    မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၁၅-၈-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၀.၈၉၂) သန်း ၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၁.၅၁၇) သန်း ၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၂.၄၀၉) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့် (၆၂.၈၄၀) တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၁၉၀) သန်း၊ ကြက်သွန်နီ (၃၁၈.၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၄၃) သန်း ၊ နနွင်းတက် (၂၀၁.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၇) သန်း၊ ကဏန်း (၂၆.၆၂၅) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၁၀၁)သန်း၊ ကြေးနီ (၃၄.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၈) သန်း၊ ရေခဲငါးရှဉ့်  (၄၅.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၇) သန်း၊ ပြောင်းဖူးစေ့ (၁၃၈.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၉) သန်း၊ ကွမ်းသီးလုံး(၂၀.၄၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၃၁) သန်း၊ မိကျောင်းကွမ်းဖတ်စေ့ (၃၁.၂၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၀) သန်းနှင့် ငါးမှုန့်(၃၃.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၂၀) သန်းတို့ ဖြစ်ပါသည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဒီဇယ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၁၈၈) သန်း၊ ဓာတ်ဆီ တန်ဖိုးကန်ဒေါ်လာ (၀.၁၂၀) သန်း၊ အဝတ်အထည်များ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၆) သန်း၊ PVC Flim ပြား တန်ဖိုး ကန်ဒေါ်လာ(၀.၀၈၁) သန်း၊ စတီးပိုက်များ  တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၄) သန်း၊ မီးခံမြေစေး တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၇) သန်း၊ လျှပ်ကူးဝါယာကြိုးများ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၃) သန်း၊ Spocket တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၂) သန်း၊ Bolt & Nut တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၆) သန်းနှင့် ဖိနပ်အမျိုးမျိုး တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၉) သန်းတို့ဖြစ်ပါသည်။ 

၂၀၂၃ခုနှစ်၊ဩဂုတ်လ(၁)ရက်နေ့မှ(၁၅) ရက်နေ့ထိ  ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၁၆.၄၄၂) သန်း၊သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၁၂.၆၈၈) သန်း ၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၂၉.၁၃၀) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၉၃.၀၈၂၅) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိ ကြောင်း သိရှိရပါသည်။

အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ် ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခ ကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့်ရှိပါသည်။

 (၁၅-၈-၂၀၂၃)ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ငါးရှဉ့် (၁)တန်လျှင်ကန်ဒေါ်လာ(၃၀၁၆.၇၁၃) နှုန်း၊ ကြက်သွန်နီ (၁) တန်လျှင် ကန်ဒေါ်လာ (၄၅၀.၂၁၀) နှုန်း၊နနွင်းတက်(၁)တန်လျှင် ကန်ဒေါ်လာ (၅၃၃.၉၁၃) နှုန်း၊ ကဏန်း (၁) တန်လျှင် ကန်ဒေါ်လာ (၃၈၁၂.၇၂၄) နှုန်း၊  ကြေးနီ(၁) တန်လျှင် ကန်ဒေါ်လာ (၂၈၇၇.၇၉၁) နှုန်း၊ ရေခဲငါးရှဉ့် (၁)တန် လျှင် ကန်ဒေါ်လာ(၁၇၀၃.၆၄၇) နှုန်း၊ ပြောင်းဖူးစေ့(၁)တန်လျှင် ကန်ဒေါ်လာ(၂၈၀.၅၇၈) နှုန်း၊ ကွမ်းသီးလုံး(၁) တန်လျှင် ကန်ဒေါ်လာ (၁၅၁၅.၆၅၅) နှုန်း၊ မိကျောင်းကွမ်းဖတ်စေ့ (၁) တန်လျှင် ကန်ဒေါ်လာ (၉၅၇.၉၆၁)နှုန်း၊ ငါးမှုန့်(၁) တန်လျှင်ကန်ဒေါ်လာ (၆၀၀.၀၀၀) နှုန်းဖြင့် တင်ပို့နိုင် ခဲ့ပါသည်။