လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၁၄-၈-၂၀၂၃)မှ (၁၅-၈-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ပဲတီစိမ်း (၂၂.၀၀) တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ ရာဘာ (၁၆၅) တန်၊ တန်ဖိုး (၀.၂၁၅) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန်တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၆၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ရာဘာ တစ်တန်လျှင် (၁၃၀၀) ဒေါ်လာ၊ Aluminium Ingot တစ်တန်လျှင် (၁၇၅၂) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ်ရှိကြောင်းသိရှိရပါသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ဓါတ်မြေဩဇာ (၃၀.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ပိတ်လိပ် (၄၃.၉၀) တန်၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်း၊ ထွန်စက် (၉) U ၊ တန်ဖိုး (၀.၀၈၀) ဒေါ်လာသန်း၊ ရိတ်သိမ်းခြွေလှေ့စက် (၃) U ၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်း၊ ချည် (၁၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ မြက်ခင်းတု (၆.၅၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၁၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ကုန်စုံ (၄၈.၃၀) တန်၊ (၈၉၄၅) U ၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်းတို့ အများဆုံးတင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဓါတ်မြေဩဇာ (Organic Fertilizer) တစ်တန်လျှင် (၂၅၀) ဒေါ်လာ၊ဓါတ်မြေဩဇာ (Compound Fertilizer) တစ်တန်လျှင် (၃၉၈) ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင်(၇၉၇)ဒေါ်လာ၊ကော်စေ့ တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ် (၈၀၀၀၀၀) ကျပ်၊ ကုန်ပွ(၅၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

         ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများ အား မန္တလေး- လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်းတင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအားလွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက် စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၁၃-၈-၂၀၂၃ရက်နေ့မှာ(၁)ယွမ်လျှင် (၄၅၂) ကျပ် ဖြစ်ခဲ့ပြီး ၁၅-၈-၂၀၂၃ရက်နေ့မှာ(၁)ယွမ်လျှင် (၄၅၅)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေဈေး အနည်ငယ်ကျဆင်း ခဲ့ကြောင်း သိရှိရပါသည်။