စဉ်းစားလုပ်ဆောင်သင့်တဲ့ ဟင်္သာတမတ်ပဲဈေးကွက်

ဟင်္သာတခရိုင်အနေဖြင့် မတ်ပဲကို ၂၀၁၅-၁၆ ခုနှစ် တွင် စိုက်ဧကပေါင်း ၄ ဒသမ ၁ သိန်းကျော်ရှိပြီး၊ ပျမ်းမျှအထွက်နှုန်းဖြင့် တွက်ချက်ကြည့်ပါက တင်း ၄၆ ဒသမ ၈ သိန်းခန့် မက်ထရစ်တန်အားဖြင့် ၁ ဒသမ ၅ သိန်းထွက် ရှိနိုင်ပါ တယ်။ဟင်္သာတမတ်ပဲဈေးကွက်မှာ ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီ လအတွင်းက တစ်တင်းကို အနိမ့်ဈေးကျပ် ၄၅၃၂၀ မှ အမြင့်ဆုံး ဈေးအဖြစ် ကျပ် ၅၂၈၀၀ ရရှိခဲ့ပါတယ်။ မတ်လအတွင်းမှာတော့ ဈေးပြန်လည်ကျဆင်းသွားခဲ့ပြီး တစ်တင်းကို ကျပ် ၄၁၂၀၀ မှ ကျပ် ၄၉၃၀၀ အတွင်းသာ ရရှိခဲ့ပါတယ်။ ဧပြီလမှစပြီး ဈေး ပြန်လည်မြင့်တက်ခဲ့ကာ မေလအတွင်းမှာ ကျပ် ၅၃၃၀၀ မှ ကျပ် ၅၅၃၀၀ အတွင်း ရရှိခဲ့ပါတယ်။ ဇွန်လအတွင်း မှာတော့ ကျပ် ၅၂၀၀၀ မှ ကျပ် ၅၇၅၀၀ အတွင်းရရှိခဲ့ပါတယ်။  ဟင်္သာတမတ်ပဲဈေး ကွက်ဟာ ဟင်္သာတခရိုင်အတွင်းရှိမြို့နယ်များဖြစ်တဲ့ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန် အောင်၊ ကြံခင်းနဲ့အင်္ဂပူမြို့နယ်တို့မှ ထွက်ရှိတဲ့ မတ်ပဲတွေကို အခြေခံပြီး ရောင်း ဝယ်လျက်ရှိတဲ့ ဈေးကွက်တစ်ခုဖြစ်ပါတယ်။
နှစ်အလိုက် မတ်ပဲရောင်းဝယ်မှုဈေးနှုန်း အနိမ့်အမြင့်များကြောင့်၊ ထုတ်လုပ် သူတောင်သူများ၊ ပွဲရုံများ၊ ကုန်သည်များ အနေဖြင့် ဈေးနှုန်းအတက်အကျ များကြောင့် ပြဿနာအရပ်ရပ်များ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိ နေကြပါ တယ်။ အဆိုပါ ငွေကြေး ကိစ္စများ မဖြစ်ပေါ်စေရေးအတွက် ထုတ်လုပ်သူများ၊ တင်ပို့ ရောင်းဝယ် ကြသူများအနေဖြင့် အမြဲတမ်းသတိရှိစွာနှင့်အဘက်ဘက်မှ စဉ်းစားလုပ်ဆောင်သင့်ကြောင်း ရေးသားတင်ပြလိုက်ရ ပါ တယ်။                                                        

 လှိုင်ထွဋ် (ဟင်္သာတ)