ရောင်းလိုအားနဲ့ ဝယ်လိုအား အခြေအနေများ အားနည်းခြင်းနဲ့ ရင်းဂစ် တန်ဖိုးမြင့်တက်ခြင်းတို့ကြောင့် မလေးရှားစားအုန်းဆီဈေးနှုန်းကျဆင်း

ရောင်းလိုအားနဲ့ ဝယ်လိုအား အခြေအနေများ အား နည်းခြင်းနဲ့ ရင်းဂစ်တန်ဖိုးပိုမိုမြင့်တက်မှုတို့ကြောင့် ဇွန် ၂၉ ရက်မှာ မလေးရှား စားအုန်းဆီဈေးတွေက ခုနစ်လအတွင်း အနိမ့်ဆုံးနှုန်းကို ကျရောက်ခဲ့ကြောင်း ဘီရီကော်ဒါ သတင်းမှာ ဖော်ပြပါတယ်။စားအုန်းဆီဈေးနှုန်းတွေက ဇွန်လဆန်းကတည်းက စတင်ပြီး အကျဘက်ကို ဦးတည်လာခဲ့ရာ ရက်သတ္တ သုံးပတ် မြောက်အထိဆက်တိုက်ကျဆင်းခဲ့ပြီး ယခုနှစ် ဇွန်လအတွင်း ၉ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
လာမယ့်လတွေမှာ ရာသီအလိုက်ထုတ်လုပ်မှုမြင့်တက် လာလိမ့်မယ်လို့  ကုန်သည်တွေက  ခန့်မှန်းထားတဲ့အတွက် ကြောင့်   လည်းကောင်း၊ ရာမာဒါန်ဥပုသ်လမတိုင်မီ  မေက စားအုန်းဆီပို့ကုန်များ အမြင့်ဆုံး ရောက်ရှိ ခဲ့ပြီးနောက် ဇွန်မှာ ပြန်လည်ကျဆင်းခဲ့တဲ့အတွက် စားအုန်းဆီသိုလှောင် လက် ကျန်များ မြင့်တက်လာခဲ့သဖြင့်လည်းကောင်း  စားအုန်းဆီ ဈေးက စံချိန်တင်ကျဆင်း ခဲ့ပါတယ်။ဘာဆာ မလေးရှား  ကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange)  မှာ စက်တင် ဘာအတွက် ချုပ်ဆိုတဲ့ စားအုန်းဆီ  အခြေခံစံထားဈေးနှုန်းက ဈေးပိတ်ချိန်မှာ ၂ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး  တစ်တန်ကို ၂၃၂၃ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၇၅ ) ရှိခဲ့ပါတယ်။ စောစောပိုင်းကမူ စာအုန်းဆီဈေးက ၂၃၁၇ ရင်းဂစ်အထိ ကျဆင်းခဲ့ရာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်နောက်ပိုင်း  အနိမ့်ဆုံးဈေးနှုန်းဖြစ်ခဲ့ပါ တယ်။ ဇွန် ၂၉ ရက်က ရောင်းချမှုပမာဏက ၂၅ တန်ရှိအတွဲ ၅၉၁၅၀ တွဲရှိခဲ့ရာ ၂၀၁၅ ခုနှစ်အတွင်း တစ်ရက်ပျမ်းမျှရောင်း ချခဲ့တဲ့ ပမာဏဖြစ်တဲ့အတွဲ ၄၄၆၀၀ ထက်ပိုမိုခဲ့တာကို တွေ့ရ ပါတယ်
။''ရင်းဂစ်တန်ဖိုးမြင့်တက်မှုနဲ့   လက်ရှိဖြစ်ပေါ်နေတဲ့ ရောင်းလိုအားနဲ့ ဝယ်လိုအားအခြေအနေတွေကြောင့် စား အုန်းဆီကြမ်းဈေးနှုန်းက ကျဆင်းခဲ့ပါတယ်။ ဒီအခြေအနေကို ပျက်ယွင်းသွားစေမယ့် အဖြစ် အပျက်တစ်စုံ တစ်ရာြ ဖစ်ပေါ် မလာဘူး ဆိုရင် စားအုန်းဆီဈေးက  ဆက်လက်ကျဆင်းမှာ ဖြစ်ပါတယ်''လို့  ကွာလာလမ်ပူမှ ကုန်သည်တစ်ဦး က ပြောပါ တယ်။ဇွန် ၂၉ ရက်ညနေမှာ အမေရိကန်ဒေါ်လာနဲ့ ရင်းဂစ် ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးက သုည ဒသမ ၉ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်ဒေါ်လာကို ၄ ဒသမ ၀၃၃၀ ရင်းဂစ်နှုန်းရှိခဲ့ ပါတယ်။ ရင်းဂစ်တန်ဖိုးမြင့်တက်လာတဲ့အတွက် နိုင်ငံခြားငွေ ကို ရင်းဂစ်နဲ့ဖလှယ်ပြီး ဝယ်ရတဲ့စားအုန်းဆီ   ဝယ်လက်တွေ အတွက် စားအုန်းဆီဈေးက ပိုကြီးသွားနိုင်ပါတယ်။
ဇွန်အတွက် စားအုန်းဆီတင်ပို့မှုက မေတင်ပို့မှုနဲ့ နှိုင်း ယှဉ်ရင် ကျဆင်းခဲ့ပါတယ်။ အောက်တိုဘာမှာ ကျရောက်မယ့် ဒီပါဝါလီပွဲတော်မတိုင်မီအထိ ဈေးဆက်လက်ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ဇွန် ၁ ရက်မှ ၂၅ ရက်အထိ မလေးရှား စားအုန်းဆီတင်ပို့မှုကို မေ ၁ ရက်မှ ၂၅ ရက်အထိ တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့တာကို  ကုန်စည်စစ် တမ်းကိန်းဂဏန်းတွေအရ သိရပါတယ်။အခြားဟင်းရွက်ဆီဈေးကွက်ဖြစ်တဲ့ ချီကာဂို ကုန်သွယ် ရေးဘုတ်အဖွဲ့ (Chicago Board of   Trade)  မှာ ဒီဇင်ဘာ အတွက် ပဲပုပ်ဆီစာချုပ်ဈေးက သုည ဒသမ ၆ ရာခိုင်နှုန်းကျ ဆင်းပြီး တရုတ်နိုင်ငံဒါလီယံကုန်စည်ဒိုင်(Dalian Comm- odity Exchange)    မှာ စက်တင်ဘာအတွက် ပဲပုပ်ဆီဈေး က သုည ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ပဲပုပ်ဆီက စားအုန်းဆီနေရာမှာ  အစားထိုးဝင်ရောက် နိုင်တဲ့အတွက် ပဲပုပ်ဆီဈေး ကျဆင်းမှုက စားအုန်းဆီဈေးနှုန်း အပေါ် အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။
ဉာဏ်တင်