နေပြည်တော်၊ အောက်တိုဘာလ ၁၄
   ပညာရေးဝန်ကြီးဌာနအောက်ရှိ Naypyitaw State Academy ဥပဒေပညာဌာနမှ ဥပဒေ ပညာအထူးပြု ကျောင်းသား/သူ (၁၀) ဦးသည် ဥပဒေဘာသာရပ်အား စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်လေ့လာနိုင်ရန်အတွက် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနသို့ ၇-၁၀-၂၀၂၄ ရက်နေ့မှ ၁၃-၁၁-၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ် ၆ ပတ် လုပ်ငန်းခွင် လက်တွေ့ကွင်းဆင်းလေ့လာရေး (Internship) လာရောက်လေ့လာခဲ့ကြရာ မူပိုင်ခွင့် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။

နေပြည်တော်၊ အောက်တိုဘာလ ၇

   ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသော (၈) ကြိမ်မြောက် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်များနှင့်စပ်လျဉ်းသည့် မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။

     မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်ရေးပူးတွဲကော်မတီ တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ ပြဋ္ဌာန်းချက်များနှင့်အညီ အဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးကို မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊

     ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးခဲ့သည့် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှု