မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၀၂၃၈၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၄၂.၆၂၈)သန်း၊ နယ်စပ်မှ (၁၅၇၄၁၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၁.၃၈၀)သန်း၊ စုစုပေါင်း (၁၇၅၉၇၉၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၈၄.၀၀၈)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၃၁-၅-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၄၆၀၈၀၈.၂၁၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၉၇.၈၁၁)သန်း၊ နယ်စပ်မှ (၁၇၀၈၃.၆၈၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၄.၆၁၁)သန်း၊ စုစုပေါင်း (၄၇၇၈၉၁.၈၉၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၁၂.၄၂၂)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၃၁-၅-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -    

တန်ဖိုး- အမေရိကန်ဒေါ်လာသန်း

စဉ်

အကြောင်းအရာ


ရေတွက်
ပုံ

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် 
(၃၁-၅-၂၀၂၄) ထိ

ပင်လယ်
ရေကြောင်း

နယ်စပ်

‌​​ပေါင်း

မတ်ပဲ

US$

၁၈၁.၈၇၈

၀.၀၆၂

၁၈၁.၉၄၀

မတန်

၁၈၇၅၅၀.၇၆၀

၆၆.၀၀၀

၁၈၇၆၁၆.၇၆၀

ပဲတီစိမ်း

US$

၈၇.၃၄၅

၀.၅၇၅

၈၇.၉၂၀

မတန်

၁၃၃၇၉၄.၉၂၉

၈၉၉.၀၁၉

၁၃၄၆၉၃.၉၄၈

ပဲစဉ်းငုံ

US$

၇၆.၃၃၅

 

၇၆.၃၃၅

မတန်

၆၇၄၆၇.၀၀၀

 

၆၇၄၆၇.၀၀၀

ကုလားပဲ

US$

၁.၁၁၅

 

၁.၁၁၅

မတန်

၁၂၅၉.၅၆၁

 

၁၂၅၉.၅၆၁

ပဲလွန်းဖြူ

US$

၁၀.၁၇၁

 

၁၀.၁၇၁

မတန်

၁၅၄၅၇.၀၃၉

 

၁၅၄၅၇.၀၃၉

မြေထောက်ပဲ

US$

၆.၃၁၅

၁.၅၆၉

၇.၈၈၄

မတန်

၆၀၆၄.၈၉၉

၁၃၆၄.၀၀၀

၇၄၂၈.၈၉၉

ထောပတ်ပဲ

US$

၁၀.၉၄၁

၆.၁၅၂

၁၇.၀၉၃

မတန်

၉၈၈၈.၄၆၀

၅၆၈၃.၅၀၀

၁၅၅၇၁.၉၆၀

ပဲယင်း

US$

၁၅.၄၃၆

၂.၁၄၀

၁၇.၅၇၆

မတန်

၂၇၉၃၃.၄၇၇

၃၈၂၈.၉၉၀

၃၁၇၆၂.၄၆၇

ပဲကြီး

US$

၂.၄၅၆

၁.၆၆၅

၄.၁၂၁

မတန်

၂၆၇၁.၂၃၂

၁၈၅၂.၀၀၀

၄၅၂၃.၂၃၂

၁၀

ပဲကတ္တီပါ(စွန်တာနီ)

US$

၁.၁၁၈

 

၁.၁၁၈

မတန်

၁၈၉၄.၁၂၃

 

၁၈၉၄.၁၂၃

၁၁

စွန်တာပြာ

US$

၀.၁၉၃

 

၀.၁၉၃

မတန်

၃၀၉.၀၀၀

 

၃၀၉.၀၀၀

၁၂

ပဲကတ္တီပါ(စွန်တာနီ/ပြာ)

US$

 

၀.၀၃၉

၀.၀၃၉

မတန်

 

၆၄.၀၀၀

၆၄.၀၀၀

၁၃

ပဲဖြူလေး

US$

၀.၀၂၈

 

၀.၀၂၈

မတန်

၂၄.၀၀၀

 

၂၄.၀၀၀

၁၄

ဘိုကိတ်ပဲ

US$

၄.၀၃၈

 

၄.၀၃၈

မတန်

၆၀၁၂.၉၉၅

 

၆၀၁၂.၉၉၅

၁၅

ပဲပုတ်စေ့

US$

 

 

 

မတန်

 

 

 

၁၆

ပဲနီကြား

US$

 

၁.၁၃၅

၁.၁၃၅

မတန်

 

၁၈၉၂.၀၀၀

၁၈၉၂.၀၀၀

၁၇

နိုင်လွန်ပဲ

US$

၀.၁၆၁

၀.၄၇၀

၀.၆၃၁

မတန်

၂၅၀.၀၀၀

၇၂၂.၀၀၀

၉၇၂.၀၀၀

၁၈

မြေပဲဆံ

US$

၀.၂၄၀

၀.၆၆၉

၀.၉၀၉

မတန်

၁၈၀.၉၅၀

၅၁၁.၁၇၂

၆၉၂.၁၂၂

၁၉

အခြားပဲ

US$

၀.၀၄၁

၀.၁၃၅

၀.၁၇၆

မတန်

၄၉.၇၈၉

၂၀၁.၀၀၀

၂၅၀.၇၈၉

  ပဲတင်ပို့မှုစုစုပေါင်း

US$

၃၉၇.၈၁၁

၁၄.၆၁၁

၄၁၂.၄၂၂

မတန်

၄၆၀၈၀၈.၂၁၄

၁၇၀၈၃.၆၈၁

၄၇၇၈၉၁.၈၉၅