အိန္ဒိယကုမ္ပဏီများက အလုပ်အကိုင်ခန့်ထားမှု အမြင့်ဆုံးဖြစ်မယ့်အလားအလာရှိ

          တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်ရင် အိန္ဒိယကုမ္ပဏီတွေက အလုပ်အကိုင် ခန့်ထားတဲ့နေရာမှာ အလား အလာအကောင်းဆုံးဖြစ်ခဲ့တာ စတုတ္ထ မြောက်သုံးလပတ်အဖြစ် ရောက်ရှိခဲ့ကြောင်းနဲ့ အာရှပစိဖိတ်ဒေသတွင်း မှာ တရုတ်နိုင်ငံက  အောက်ဆုံးအဆင့်မှာ ရောက်ရှိနေကြောင်း ဇွန် ၁၄ ရက်က ပြုလုပ်တဲ့ Manpower  Group စစ်တမ်းကို ကိုးကားပြီး တိုင်းမ်အော့  အိန္ဒိယ သတင်းမှာဖော်ပြပါတယ်။ လာမယ့် သုံးလအတွင်းမှာ  အိန္ဒိယအလုပ် ရှင်တွေက  အလုပ်အကိုင်ခန့်ထားရေးအတွက် အလားအလာကောင်းတွေ ရှိနေကြောင်း အတိုင်ပင်ခံအဖွဲ့ဖြစ်တဲ့  Manpower  Group  ရဲ့ တတိယသုံးလပတ်  ကမ္ဘာ့အလုပ်အကိုင် ခန့်ထားရေးအလား အလာအစီရင်ခံစာမှာ ေ ဖာ်ပြ ထားပါတယ်။
          လုပ်သားအင်အား တိုးမြှင့်ခန့် ထားမယ်လို့ ခန့်မှန်းထားသူအလုပ်ရှင် က ၃၇ ရာခိုင်နှုန်း၊ အလုပ်အကိုင်ခန့် ထား မှုကျဆင်းမယ်လို့ ပြောကြားသူက ၁ ရာခိုင်နှုန်းနဲ့ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ပြောသူက ၄၉ ရာခိုင်နှု န်း ရှိပါတယ်။ ဒါကြောင့် အသားတင် အလုပ်အကိုင်ခန့်ထားမှု အလားအလာ ၃၆ ရာခိုင်နှုန်းကျော်ရှိပါတယ်လို့ လည်း ဖော်ပြပါတယ်။ ကမ္ဘာ့အတိုင်းအတာအရကြည့် ပါက အိန္ဒိယနိုင်ငံပြီးရင် ဂျပန်နိုင်ငံက အလုပ်အကိုင် ခန့်ထားမှု အလားအလာ ဒုတိယအကောင်းဆုံးဖြစ်ပြီး  အမေရိကန်ပြည်ထောင်စုက ပထမနေရာမှာရှိ ပါတယ်။ ကမ္ဘာ့အတိုင်းအတာအရ ကြည့်ရင် အနုတ်လက္ခဏာအပြဆုံး နိုင်ငံသုံးနိုင်ငံအနက် ဘရာဇီးက အဆိုး ဆုံးဖြစ်နေပြီး တခြားနှစ် ခုက ပြင်သစ်နဲ့ အီတလီတို့ ဖြစ်ပါတယ်။
         မရေရာမှုတွေ  များနေတဲ့ အတွက် ဇူလိုင်-စက်တင်ဘာသုံးလ ပတ်အတွက် အလုပ်အကိုင်ခန့်ထားမှု အလားအလာက ဆက်လက်ကျဆင်း နေတာကို တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ် တတိယသုံးလပတ် အတွက်  အလုပ် အကိုင် ခန့်ထားမှု အလားအလာစစ်တမ်းကို ပြုစုရာမှာ အိန္ဒိယနိုင်ငံရှိအလုပ်ရှင် ၅၁၀၀၀ ဦးကို တွေ့ဆုံမေးမြန်ပြီး ပြုစုခဲ့တာ ဖြစ်ပါ တယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကောက်ယူတဲ့ စစ်တမ်းမှာတော့ အလုပ်ရှင် ၅၉၀၀၀ ဦးကို စစ်တမ်းကောက် ယူခဲ့ရာ နိုင်ငံပေါင်း ၄၃ နိုင်ငံအနက် နိုင်ငံ ၄၀ က ဇူလိုင်-စက်တင်ဘာ သုံး လပတ်မှာ အလုပ်အကိုင်တိုးချဲ့ ခန့်အပ်မယ်လို့ ပြောပါတယ်။

 

ဉာဏ်တင်