တောင်ကိုရီးယားနိုင်ငံတွင် ပြည်ပမှ တင်သွင်း သည့် မော်တော်ကားများ ရောင်းအား ကျဆင်း

ပြည်ပမှတင်သွင်းသည့် မော်တော်ကားများ၏ ရောင်းအားသည် ပြီးခဲ့ သည့်လက ခုနစ်နှစ်တာကာလအတွင်း အကြီးမားဆုံးကျဆင်းခဲ့သည်ကို တွေ့ရှိရ သည်။ တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့်လက မှတ်ပုံတင်ထား သည့် ပြည်ပမှ တင်သွင်းသည့် ကားစုစုပေါင်း ၁၅ç၇၃၀ စီးရှိခဲ့ပြီး ယမန်နှစ် ဇူလိုင်လနှင့်နှိုင်းယှဉ် ပါက ၂၄ ရာခိုင်နှုန်း လျော့နည်းကျဆင်းခဲ့သည်ဟု ကိုရီးယားနိုင်ငံ မော်တော်ကား တင်သွင်းဖြန့်ချိသူများအသင်းမှ စာရင်းများအရ သိရှိရသည်။ အဆိုပါကျဆင်းမှု သည် ၂၀၀၉ ခုနှစ် ဇူလိုင်လမှ ယခုအချိန်အတွင်း အကြီးမားဆုံးကျဆင်းမှုဖြစ်သည် ဟု သိရှိရသည်။ အဓိက အကြောင်းအရင်းဖြစ်သည့် အခွန်လျှော့ချမှု အစီ အစဉ်အား အဆုံးသတ်လိုက်ခြင်းနှင့် အတူ ပြည်ပမှတင်သွင်းသည့် မော်တော် ကားရောင်းချမှုသည် ဇွန်လတွင် ၃၂ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ခြင်း ဖြစ်သည်။  
ပြည်ပမှတင်သွင်းသည့်ယာဉ်များသည် ယမန်နှစ် ဒီဇင်ဘာလတွင် ၂၄၃၆၆ စီးရှိခဲ့ပြီး အများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။ ပြည်တွင်းထုတ် မော်တော်ကားများ ရောင်းချမှုသည်လည်း ပြီးခဲ့သည့်လတွင် ကျဆင်းခဲ့သည်။ သို့သော် လည်း နိုင်ငံခြားဖြစ်ကားများ ရောင်းချမှုသည် ပိုမိုလျော့ကျခဲ့သည်။ အကြောင်းအရင်းမှာ အငြင်းပွားဖွယ်ရာ၊ သံသယဖြစ်ဖွယ်ရာ အင်ဂျင်များဖြင့် တပ်ဆင်အသုံးပြုထား သည့် Volkswagen  ကားများ ဈေးကွက်တွင်းရောင်းချ မှု ရပ်တန့်ခဲ့ရခြင်းကြောင့်ဖြစ် သည်။ ယမန်နှစ် ဇူလိုင်လကVolkswagen  ကား စုစုပေါင်း ၂၉၉၈ စီးရောင်းချခဲ့ရပြီး ဈေးကွက်တွင် တတိယနေရာကို ယူခဲ့ သည်။ သို့သော်လည်း ပြီးခဲ့သည့်လက ၄၂၅ စီးသာ ရောင်းချခဲ့ရ သည်ကို တွေ့ ရှိရသည်။Audi  ကားများ ရောင်းချရမှုသည် ပြီးခဲ့သည့်လက ၁၅၀၄ စီးရှိခဲ့ပြီး ၄၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ရောင်းအားကျ ဆင်းခဲ့သည်ကို တွေ့ရသည်။ ဂျာမန်ကားထုတ်လုပ်သူများအနေဖြင့် တောင်ကိုရီးယားနိုင်ငံ မော်တော်ကားဈေးကွက်တွင် ၅၀ ရာခိုင်နှုန်းခန့် နေရာယူ ထားလျက်ရှိသည်။ ဂျပန်ကားများအနေဖြင့် ၁၅ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိပြီး၊ ဗြိတိန်နိုင်ငံထုတ် ကားများသည် ၁၁ ဒသမ ၇ ရာခိုင်နှုန်းနှင့် အမေရိကန် ထုတ် ကားများမှာ ၉ ဒသမ ၄ ရာခိုင်နှုန်း အသီးသီးနေရာယူထားလျက်ရှိသည်။ ဒီဇယ်ကားများရောင်းချမှု သည်လည်း အဆိုးရွားဆုံးကျဆင်းခဲ့သော်လည်း ဖက်စပ်ထုတ်မော်တော် ယာဉ် များ ရောင်းချမှုမှာ ပြန်လည်မြင့်တက်ခဲ့သည်ကို တွေ့ရှိရသည်။

ခင်မျိုးသော်၊ စီးပွားရေးသံမှူး ၊  မြန်မာသံရုံး၊ ဗန်ကောက်မြို့