တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး မြှင့်တင်ရေးအတွက် ဘတ်ဂျက် ထပ်ဆောင်းငွေ ဝမ် ၁၁ ထရီလီယံ အသုံးပြုမည်

ပို့ကုန်ကျဆင်းမှုနှင့်အတူ အဓိက စီးပွားရေးလုပ်ငန်း ကဏ္ဍများတွင် ရှိသည့်  ကုမ္ပဏီများကို ပြန်လည်ဖွဲ့စည်းတည် ဆောက်ရာတွင် ဖြစ်ပေါ်လာမည့် ဂယက်ရိုက်ခတ်မှုနှင့် ရင်ဆိုင်နေရသည့် တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းများ ပြန်လည်မြင့်တက်လာအောင် ဆောင်ရွက်ရေးအတွက် နောက်ထပ် ဘတ်ဂျက် သုံးငွေ ဝမ် ၁၁ ထရီလီယံ (အမေရိကန် ဒေါ်လာ ၉ ဒသမ ၆၄ ဘီလီယံ) သုံးစွဲရန် အစိုးရကသတ်မှတ် ထားကြောင်း သိရှိရသည်။
ယခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ ၏ စီးပွားရေးကို ၂ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်ရန် ခန့်မှန်းထားပြီး၊ ရည်မှန်းချက် အောင်မြင် အောင် ဆောင်ရွက် နိုင်ရေးအတွက် စီးပွားရေးလှုံ့ဆော် အားပေးမှု အစီအစဉ် အဖြစ် ဝမ် ၂၈ ထရီလီယံ သုံးစွဲရန် လျာထားသတ်မှတ်ထားရာ ယခုတစ်ကြိမ် ဘတ်ဂျက် တိုးမြှင့်သုံးစွဲမှုက အဆိုပါ အစီအစဉ် ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းကို ၃ ဒသမ ၁ ရာခိုင်နှုန်းရရှိ ရန် ဆောင်ရွက်နိုင်ရေးအတွက် ယခင်လက ခန့်မှန်းထားရာမှ ယခုတစ်ကြိမ်မှာ လျှော့ချ ခန့်မှန်းထားခြင်းဖြစ်သည်။  ဘတ်ဂျက်လျာထားချက်ကို သြဂုတ်တွင် အတည်ပြု သွားမည်ဟု အစိုးရက ခန့်မှန်းထားသည်။ ထို့ကြောင့် ဘတ် ဂျက်ငွေကို စက်တင်ဘာတွင် စတင်အသုံးပြုနိုင်မည်ဟုလည်း ခန့်မှန်းထားသည်။သင်္ဘောတည်ဆောက်ရေးနှင့် အခြားအရှုံးပေါ်နေ သည့် ကဏ္ဍများကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာမှ အစိုးရ၏ဘတ်ဂျက်ငွေသုံးစွဲမှု ကို ယခုကဲ့သို့ ပြင်ဆင်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရှိရ သည်။
ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဆိုးလ်မြို့