ကျွမ်းကျင်ဝန်ထမ်းရှားပါးမှု ဖြေရှင်းရေးအတွက် တက္ကသိုလ်ကျောင်းသားများအား အလုပ်သင်သင်တန်းစတင်ရန် ဟောင်ကောင် ဘဏ်လုပ်ငန်းရှင်များအသင်းက စီစဉ်

ဒေသတွင်း ပုဂ္ဂလိကဘဏ်လုပ်ငန်း ရှင်များအဖွဲ့မှ တည်ထောင်ခဲ့သော ပုဂ္ဂလိက ဥစ္စာဓနစီမံခန့်ခွဲရေးအသင်း သည် ဒေသတွင်း ကျွမ်းကျင်ဝန်ထမ်း ရှားပါးမှု ပြဿနာဖြေရှင်းနိုင်ရန် ရည် ရွယ်၍တက္ကသိုလ်ကျောင်းသားများ အတွက် အလုပ်သင် အစီအစဉ်အား စတင်ရန် စီစဉ်ခဲ့သည်။ ဟောင်ကောင် တွင် အမေရိကန်ဒေါ်လာ တစ်သန်းမှ သန်းသုံးဆယ်အထိ အခြေ ပစ္စည်းပိုင် ဆိုင်မှုရှိသောလူဦးရေပေါင်း နှစ်သိန်း ခန့်ရှိပြီး၊ ၂၀၂၀ ခုနှစ်တွင် နှစ်သိန်း သုံးသောင်းခန့်အထိ များပြားလာနိုင် ကြောင်း အသင်းဥက္ကဋ္ဌ Amy Lo Choi-wan  က ပြောကြားခဲ့သည်။ဤသို့ ဥစ္စာဓနကြွယ်ဝသူ များပြား သော်လည်း ၎င်းင်းတို့၏ဥစ္စာဓနအား စီမံခန့်ခွဲရန် ကျွမ်းကျင်ပညာရှင် ရှားပါး မှုနှင့် ရင်ဆိုင်နေရကြောင်း၊ အလယ် တန်းနှင့် နောက်တန်းရုံးများ အပါအဝင်လုပ်ငန်းအတွေ့အကြုံရှိသူ ဦးရေ တစ် သောင်းခန့်သာရှိကြောင်း၊ ပုဂ္ဂလိကဘဏ် တွင် ဝန်ထမ်းများ၏ နှစ်စဉ်လည်ပတ်မှု နှုန်းမှာ ၁၂ မှ ၁၅ ရာခိုင် နှုန်းခန့်ရှိပြီး ဘဏ်လုပ်ငန်းများတွင် အနည်းဆုံး ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဖွဲ့အနေ ဖြင့် အစိုးရထံသို့ ပုဂ္ဂလိကဘဏ်များ၏ မျိုးဆက်သစ်များအား လေ့ကျင့်သင် တန်း ပေးရေးအတွက် အဖွဲ့ မှစီစဉ်သော အလုပ်သင်အစီအစဉ်အား အထောက်အပံ့ပေးနိုင်ရေး တင်ပြတောင်းခံသွား မည် ဖြစ်သည်။
ကနဦးအနေဖြင့် နွေရာသီ အလုပ် သင်အစီအစဉ်အား စတင် သွားမည်ဖြစ် ပြီး ရုံးလုပ်ငန်းများအပါအဝင် ဌာနခွဲ အမျိုးမျိုးရှိ လုပ်ငန်းပိုင်းကို သိရှိစေရန် နှင့် ၎င်းင်းမှတစ်ဆင့် ပုဂ္ဂလိကဘဏ် ကဏ္ဍတွင်ဖောက်သည်များသို့ ဘဏ်မှ ဆောင် ရွက်သော ဘဏ်လုပ်ငန်းနှင့် ဝန်ဆောင် မှုများအကြောင်းကို လေ့လာနိုင်စေရန် အဆိုပါ အစီအစဉ်အား တက္ကသိုလ်များ တွင်လည်း ကြေညာထားကြောင်း  အသင်း ၏ဦးဆောင်ညွှန်ကြားရေးမှူးက ပြော ကြားခဲ့သည်။

ဖြူဖြူလှိုင်၊  စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ ဟောင်ကောင်မြို့