ရှမ်းချင်း အရောင်းအဝယ်အေး

အောင်ပန်းဈေးကွက်မှာ ရှမ်း/ချင်းအဝင်များပေမယ့် အရောင်းအဝယ်က တော့ အေးနေပါတယ်၊ အောင်ပန်းချင်းကို ပြည်တွင်းသုံးအတွက် ရန်ကုန်၊တပ်ကုန်း၊ ပြည်၊မုံရွာ စတဲ့မြို့တွေကသာ ချင်းထိုးဖို့အတွက် အဝယ်ရှိသလို၊ ဒေသ တွင်းသုံးဖို့ အတွက်လည်း ဝယ်ယူတယ်လို့သိရပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့တွေ မှာတော့ချင်းကို ဟင်းခတ်အမွှေးအကြိုင်အတွက်သာဝယ်ယူပြီး ချင်းသေးကိုပိုပြီး အသုံးများကြပါတယ်။ အတက်ကြီး/ လှတွေထက် ချင်းသေးကပိုပြီး အနံ့မွှေးလို့ အသုံးများတယ်လို့သိရပါတယ်။ ရှမ်းချင်းကိုတော့ပုံမှန်အဝယ်ရှိနေတာကြောင့် ၂၀၁၆ခုနှစ် ဒီဇင်ဘာလအတွင်း ပိဿာချိန်ပေါင်း ၉ ဒသမ ၂ သိန်းခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ဟိုပုံးချင်း ကတော့ အောင်ပန်းချင်းတွေထက် နောက်ကျမှ ဈေးကွက်ကိုဝင်လေ့ရှိပြီးဒီနှစ်မှာလည်း ဖေဖော်ဝါရီမှစပြီး  ဝင်လာနိုင်တယ်လို့သိရပါတယ်။ ယခု လောလောဆယ်မှာ တောင်သူတွေက ဈေးကွက်ဝင်နေတဲ့ ပြောင်းတွေကိုသာ ရိတ် သိမ်းနေပြီး ချင်းကိုတော့မဖော်ဖြစ်ကြသေးပါဘူး။  ချင်းစိုက်တဲ့ခြံရှင်တွေထံမှ ကြို ဝယ်ထားကြပေမယ့်ပစ္စည်းတွေက ဈေးကွက်ကို ရောက်မလာသေးပါဘူး။ ငွေကြို ပေးက တစ်ပိဿာကျပ်၃၀၀-၃၅၀ဈေးရှိပါတယ်။ ဟိုပုံး ချင်းခြောက် ကတော့ ကုန် သွားပါပြီ။ ၂၀၁၆ နှစ်ကုန်မှာတစ်ပိဿာ  ကျပ် ၂၂၀၀ နဲ့ဈေးပိတ်သွားပါတယ်။ အောင်ပန်းချင်းကတော့ တစ်ပိဿာကို ကျပ် ၃၅၀-၄၀၀ ဈေးရှိပြီး၊ ချင်းခြောက် ကတော့ တစ်ပိဿာ ကျပ်၁၅၀၀မှ ၁၇၀၀ ဈေးရှိပါတယ်။
      

     စောယုထွေး၊ တောင်ကြီး