“ဒူဘိုင်း Expo 2020” & “Ease of Doing Business”

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြု လုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါမှ “ဒူဘိုင်း Expo 2020” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး၊ ဦးမျိုးသူမှ “Ease of Doing Business” ခေါင်းစဉ်ဖြင့်လည်းကောင်းဆွေးနွေးခဲ့ကြရာ စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။