(၁၆) ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို တရုတ်နိုင်ငံတွင် ကျင်းပမည်

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီ(ကျယ်ဂေါင်) မြို့၊ ကျောက်မျက်ဈေးတွင်  (၁၆) ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် (၁၂) ကြိမ်မြောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းေ ရးကော်မတီ (Joint Border Trade Cooperating and Coordinating Committee-JBTCCC) အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၈ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါပြပွဲကို မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံနယ်စပ်နေ ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးပွားလာစေရန်၊ အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန်နှင့် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ် ကုန် သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ အဆိုပါကုန် စည်ပြပွဲမှာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား မူဆယ်-ရွှေလီနယ်စပ်တွင် နှစ်စဉ်တစ်နိုင်ငံစီအလှည့်ကျ ကျင်းပခြ င်းဖြစ်ပြီး  ယခုနှစ်သည် (၁၆) ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပါသည်။
        (၁၆) ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲတွင်  နှစ်နိုင်ငံသဘော တူညီချက်အရ မြန်မာ နိုင်ငံအတွက် ပြခန်း ၃၀ အခမဲ့ရရှိမည်ဖြစ်ရာ စိတ်ပါဝင်စားသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအေ နဖြင့် ပြပွဲနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ နေပြည်တော်ဖုန်း၊ ၀၆၇-၄၃၀၁၂၈၊ ၀၆၇-၄၃၀၄၄၇၊ email:[email protected]၊ ရန်ကုန် ဖုန်း၊ ၀၁-၂၅၄၀၂၄၊ email:itpic.moc@ gmail.com နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သို့လည်း မေးမြန်းနိုင် ကြောင်း သတင်းရရှိပါသည်။

 

ဥမ္မာကြူ (ကုန်သွယ်ဖွံ့ဖြိုး)