ကမ္ဘာ့ယှဉ်ပြိုင်မှုစွမ်းရည် အမြင့်ဆုံးစီပွားရေးအဖြစ် စင်ကာပူက အမေရိကန်ကို ကျော်တက်

     စင်ကာပူနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံကိုကျော်တက်ပြီး ကမ္ဘာ့ယှဉ်ပြိုင်မှု အမြင့်ဆုံး စီပွားရေးဖြစ်ရောက်ရှိလာသည်ဟု အောက်တိုဘာ ၈ ရက်ကထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကမ္ဘာ့ယှဉ်ပြိုင်မှုအစီရင်ခံစာတွင်ပါရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။ နှစ်စဉ် အဆင့်သတ်မှတ်သော နိုင်ငံများတွင် နိုင်ငံပေါင်း ၁၄၁ နိုင်ငံ ပါဝင်ပြီး စကေးသတ်မှတ်ချက်ကို သုည မှ ၁၀ဝ သတ်မှတ်သည်။ သတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားသော အချက်များမှာ အခြေခံအဆောက်အအုံ၊ အလုပ်သမားဈေးကွက်၊ ပြည်သူ့အဖွဲ့ အစည်းများ၏ အရည်အသွေးနှင့် စီးပွားရေး လုပ်ဆောင်ရာတွင် ပွင့်လင်း မြင်သာမှု စသည့်အချက်များ ပါဝင်သည်။ အမှတ် ၁၀ဝ အနက် စင်ကာပူက ၈၄ ဒသမ ၈ မှတ်ရသည်။ ယခင်နှစ် က ရမှတ်အများဆုံးရှိခဲ့သော အမေရိကန်က ရမှတ် ၈၃ ဒသမ ၇ ဖြင့် ဒုတိယနေရာသို့ ရောက်ရှိခဲ့သည်။ စုစုပေါင်းရမှတ်တွင် ၁ ဒသမ ၃ မှတ် မြင့်တက်လာခြင်းနှင့် အမေရိကန် ပြည်ထောင်စု၏ စွမ်းဆောင်ရည်ကျ ဆင်းမှုကြောင့် စင်ကာပူနိုင်ငံသည် အမေရိကန ကို ကျော်တက်ကာ ယခုနှစ်တွင် ထိပ်ဆုံးနေရာ ရောက်ရှိလာကြောင်း အစီရင်ခံစာတွင်ဖော်ပြသည်။ အညွှန်းကိန်းတွင် အကဲဖြတ် ချက်မဏ္ဍိုင် ၁၂ ခု ပါဝင်သည့်အနက် စင်ကာပူသည် ပထမဆုံးနယ်ပယ်သုံး ခုဖြစ်သော အခြေခံအဆောက်အအုံ တွင် ၉၅ ဒသမ ၄ မှတ်၊ ကျန်းမာရေးတွင် ၁၀ဝ မှတ်နှင့် အလုပ်သမားဈေးကွက် တွင် ၈၁ ဒသမ ၂ မှတ် အသီးသီးရခဲ့သည်။

 

စံမီအောင်