သီဟိုဠ်ဈေးကွက် ဝင်ရောက်လာချိန် ပြည်ပပို့ကုန် အရည်အသွေးမီ ရောင်းချနိုင်ရေး TPIS ဝန်ထမ်းများနဲ့ ဆွေးနွေး

ပုသိမ်မြို့၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ TPIS ဝန်ထမ်းများဟာ မိမိတို့တိုင်းဒေသကြီးမှာ နှစ်စဉ် ပြည်ပဝင်ငွေ ရှာဖွေပေးနေတဲ့ သီဟိုဠ်စေ့ ကုန်ကြမ်းများဈေးကွက်ကို ဝင်ရောက်လာချိန်ဖြစ်လို့ မတ် ၃ ရက်က သီဟိုဠ်စေ့ကုန်ဝယ်ဒိုင်သို့ သွားရောက်ပြီး ကုန်ကြမ်း၊ ကုန်ချော၊ ပြည်ပကို တင်ပို့မှုဈေးကွက်အခြေအနေနဲ့ ယခုနှစ်သီးနံှအရည်အသွေးစသည်တို့ကို TPIS ဝန်ထမ်း၊ လုပ်ငန်းရှင်၊ သီဟိုဠ်စေ့ရောင်းချတဲ့ ခြံရှင်များနဲ့ ဆွေးနွေးခဲ့ ကြပါတယ်။ အရည်အသွေးမီ သီဟိုဠ်စေ့များ ပြည်ပကို တင်ပို့နိုင်မှသာ မိမိတို့ဈေးကွက်ဝေစုရရှိပြီး၊ ဝင်ငွေတိုးပွားလာမှာဖြစ်ကြောင်း၊ သီဟိုဠ်စေ့များ ရင့်မှည့်ပြီး၊ ကြွေကျမှသာ အပင်မနာဘဲ အရည်အသွေးကောင်း သီးနံှများရရှိမှာဖြစ်ပြီး အထွက်နှုန်းကောင်းမှာဖြစ်ကြောင်း၊ အသီးအနုများကိုရိုက်ပြီး  ခူးဆွတ်ခြင်းဟာ အပင်ကို ထိခိုက်တဲ့အပြင် ဈေးကွက်မဝင်ဘဲ အရည်အသွေး ညံ့သီးနံှများရရှိမှာဖြစ်ကြောင်း၊ သီဟိုဠ်ခြံ လုပ်ငန်းရှင်များ၊ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနဲ့ ပြည်တွင်း ပြည်ပဈေးကွက် အခြေအနေများကိုလည်း TPIS ဝန်ထမ်း၊ လုပ်ငန်းရှင်၊ သီဟိုဠ်ခြံရှင်တို့ အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မင်းမင်းဦး - ပုသိမ်