JFTC နှင့်ပူးပေါင်း၍ “Market Study for Policy Recommendation” Online Seminar ကျင်းပ ပြုလုပ်ခြင်း

၁။             မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်နှင့် Japan Fair Trade Commission (JFTC) တို့ပူးပေါင်း၍ “Market Study for Policy Recommendation” ခေါင်းစဉ်ဖြင့် Online Seminar ကို (၅-၂-၂၀၂၁) ရက်နေ့ နေ့လည် (၁၄:၀၀)နာရီမှ ညနေ (၁၆:၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။             အဆိုပါ Webinar တွင် Facilitator အဖြစ် Japan Fair Trade Commission (JFTC) မှ Mr. Tsubota Hiroshi နှင့် Mr.Nakai Susumu တို့က ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

၃။            Webinar တွင် ရှေးဦးစွာ Mr. Tsubota Hiroshi က JFTC မှ လက်ရှိတွင် ဆောင်ရွက်လျှက်ရှိသည့် ဈေးကွက်လေ့လာစောင့်ကြည့်ခြင်းလုပ်ငန်းများ၊ ဈေးကွက်လေ့လာ စောင့်ကြည့်ရသည့် ရည်ရွယ်ချက်များ၊ Fact-Finding Survey ဆောင်ရွက်သင့်သည့် ဈေးကွက်အခြေအနေများ၊ ဆောင်ရွက်ပုံနည်းလမ်း (Method)များ၊ Fact-Finding Survey ကောက်ယူခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း (Investigation) တို့၏ ကွာခြားချက်များ၊ Suvey ကောက်ယူရန် မေးခွန်းလွှာများပြင်ဆင်ခြင်း၊ သက်ဆိုင်သည့် Stakeholder များကို မေးခွန်းများဖြေကြားနိုင်ရန် ပေးပို့ခြင်းနှင့် ပြန်လည်ဖြေကြားထားသောမေးခွန်းလွှာများအပေါ် သုံးသပ်ကာအစီရင်ခံစာပြုစုရေးသားခြင်းတို့ကိုရှင်းလင်းပြောကြားခဲ့ပါသည်။

၄။            ထို့နောက် Mr.Nakai Susumu က မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများက မေးမြန်းလာသော Market Study နှင့်ပတ်သက်သည့် မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပြီး မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်နှင့် Japan Fair Trade Commission (JFTC) တို့အကြား မိမိတို့ကော်မရှင်မှ လက်ရှိဆောင်ရွက်ချက်များနှင့် အခက်အခဲများကို နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေ (၁၆:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။