မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၂-၄-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၉၀၅၅၆.၂၉၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၉.၃၈၂) သန်း၊ နယ်စပ်မှ (၁၁၄၃၁.၈၉၃) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇.၉၃၃) သန်း၊ စုစုပေါင်း (၁၀၁၉၈၈.၁၉၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၇.၃၁၅)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၂-၄-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၂-၄-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၇.၉၄၇ | ၀.၆၁၄ | ၈.၅၆၁ | |
ကီလို | ၁၀၃၉၅.၂၁၅ | ၆၇၈.၃၀၀ | ၁၁၀၇၃.၅၁၅ | |||
၂ | ပဲတီစိမ်း | US$ | ၄၀.၀၃၅ | ၂.၇၇၄ | ၄၂.၈၀၉ | |
ကီလို | ၅၁၀၇၈.၅၄၉ | ၄၁၂၁.၈၇၅ | ၅၅၂၀၀.၄၂၄ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၁.၂၇၂ | ၀.၀၁၈ | ၁.၂၉၀ | |
ကီလို | ၁၇၅၀.၂၅၀ | ၂၅.၀၀၀ | ၁၇၇၅.၂၅၀ | |||
၅ | ကုလားပဲ | US$ | ၀.၈၀၆ | ၀.၀၀၄ | ၀.၈၁၀ | |
ကီလို | ၁၂၃၃.၃၀၀ | ၆.၀၀၀ | ၁၂၃၉.၃၀၀ | |||
၆ | ပဲလွန်းဖြူ | US$ | ၃.၁၀၅ | ၀.၁၄၄ | ၃.၂၄၉ | |
ကီလို | ၄၅၁၃.၀၁၀ | ၃၀၃.၉၂၈ | ၄၈၁၆.၉၃၈ | |||
၇ | မြေထောက်ပဲ | US$ | ၆.၀၉၄ | ၂.၀၀၅ | ၈.၀၉၉ | |
ကီလို | ၈၂၉၂.၆၃၉ | ၃၀၈၇.၆၂၀ | ၁၁၃၈၀.၂၅၉ | |||
၈ | ထောပတ်ပဲ | US$ | ၂.၀၅၀ | ၀.၀၆၄ | ၂.၁၁၄ | |
ကီလို | ၂၅၄၂.၆၉၁ | ၁၁၈.၀၀၀ | ၂၆၆၀.၆၉၁ | |||
၉ | ပဲယင်း | US$ | ၃.၉၅၆ | ၀.၃၂၅ | ၄.၂၈၁ | |
ကီလို | ၅၀၂၇.၆၉၇ | ၆၉၈.၀၀၀ | ၅၇၂၅.၆၉၇ | |||
၁၀ | ပဲကြီး | US$ | ၁.၁၀၆ | ၀.၀၆၇ | ၁.၁၇၃ | |
ကီလို | ၁၅၇၉.၂၈၀ | ၁၂၁.၅၀၀ | ၁၇၀၀.၇၈၀ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၅၃၁ | ၀.၅၃၁ | ||
ကီလို | ၇၁၂.၉၄၂ | ၇၁၂.၉၄၂ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၁၂၂ | ၀.၀၀၀ | ၀.၁၂၂ | |
ကီလို | ၁၆၄.၀၀၀ | ၀.၀၀၀ | ၁၆၄.၀၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၇၁ | ၀.၀၇၁ | ||
ကီလို | ၁၁၃.၅၀၀ | ၁၁၃.၅၀၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၁.၆၁၆ | ၀.၀၀၀ | ၁.၆၁၆ | |
ကီလို | ၂၂၁၂.၄၀၀ | ၀.၀၀၀ | ၂၂၁၂.၄၀၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၀.၁၄၈ | ၀.၁၄၈ | ||
ကီလို | ၃၆၅.၅၀၀ | ၃၆၅.၅၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၀၁၆ | ၀.၀၁၆ | ||
ကီလို | ၁၉.၅၀၀ | ၁၉.၅၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၃၂ | ၀.၀၃၂ | ||
ကီလို | ၄၁.၈၅၀ | ၄၁.၈၅၀ | ||||
၂၀ | မြေပဲဆံ | US$ | ၀.၄၆၈ | ၁.၆၃၇ | ၂.၁၀၅ | |
ကီလို | ၅၄၈.၁၀၀ | ၁၆၉၆.၈၂၀ | ၂၂၄၄.၉၂၀ | |||
၂၁ | အခြားပဲ | US$ | ၀.၂၇၄ | ၀.၀၁၄ | ၀.၂၈၈ | |
ကီလို | ၅၀၆.၂၂၄ | ၃၄.၅၀၀ | ၅၄၀.၇၂၄ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၆၉.၃၈၂ | ၇.၉၃၃ | ၇၇.၃၁၅ | ||
ကီလို | ၉၀၅၅၆.၂၉၇ | ၁၁၄၃၁.၈၉၃ | ၁၀၁၉၈၈.၁၉၀ |