မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၁၅-၇-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၉၁၉၈၇.၈၉၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၀၉.၀၅၃)သန်း၊ နယ်စပ်မှ (၁၃၉၅၇၉.၉၆၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၄.၀၀၅)သန်း၊ စုစုပေါင်း (၅၃၁၅၆၇.၈၆၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၀၃.၀၅၈)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁၅-၇-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၁၅-၇-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၈၄.၆၉၅ | ၅.၈၇၆ | ၉၀.၅၇၁ | |
ကီလို | ၁၀၄၂၄၇.၄၉၁ | ၆၃၀၇.၅၁၀ | ၁၁၀၅၅၅.၀၀၁ | |||
၂ | ပဲတီစိမ်း | US$ | ၁၄၂.၅၀၀ | ၆၃.၉၉၅ | ၂၀၆.၄၉၅ | |
ကီလို | ၁၇၈၁၃၅.၇၈၉ | ၉၁၂၂၇.၄၄၃ | ၂၆၉၃၆၃.၂၃၂ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၅.၄၆၃ | ၀.၁၇၈ | ၅.၆၄၁ | |
ကီလို | ၇၄၅၁.၅၉၉ | ၂၆၃.၅၀၀ | ၇၇၁၅.၀၉၉ | |||
၅ | ကုလားပဲ | US$ | ၁၁.၇၀၁ | ၀.၀၂၇ | ၁၁.၇၂၈ | |
ကီလို | ၁၆၈၆၀.၅၉၈ | ၄၃.၀၀၀ | ၁၆၉၀၃.၅၉၈ | |||
၆ | ပဲလွန်းဖြူ | US$ | ၉.၇၄၄ | ၁.၁၉၉ | ၁၀.၉၄၃ | |
ကီလို | ၁၃၃၄၂.၃၅၀ | ၃၀၂၅.၇၅၃ | ၁၆၃၆၈.၁၀၃ | |||
၇ | မြေထောက်ပဲ | US$ | ၁၈.၅၁၅ | ၈.၀၂၀ | ၂၆.၅၃၅ | |
ကီလို | ၂၅၁၅၈.၂၁၄ | ၁၂၇၁၂.၄၆၁ | ၃၇၈၇၀.၆၇၅ | |||
၈ | ထောပတ်ပဲ | US$ | ၁၄.၃၁၇ | ၃.၀၀၃ | ၁၇.၃၂၀ | |
ကီလို | ၁၆၅၄၄.၇၀၂ | ၅၅၅၉.၃၅၀ | ၂၂၁၀၄.၀၅၂ | |||
၉ | ပဲယင်း | US$ | ၁၁.၈၀၉ | ၃.၂၉၂ | ၁၅.၁၀၁ | |
ကီလို | ၁၆၀၆၉.၈၈၆ | ၇၁၈၀.၈၅၀ | ၂၃၂၅၀.၇၃၆ | |||
၁၀ | ပဲကြီး | US$ | ၂.၉၂၇ | ၁.၂၅၇ | ၄.၁၈၄ | |
ကီလို | ၄၁၄၂.၀၃၀ | ၂၃၀၀.၄၂၀ | ၆၄၄၂.၄၅၀ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၅၄၈ | ၁.၅၄၈ | ||
ကီလို | ၂၁၈၈.၉၃၅ | ၂၁၈၈.၉၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၂၆၂ | ၀.၀၀၀ | ၀.၂၆၂ | |
ကီလို | ၃၇၆.၇၀၀ | ၀.၀၀၀ | ၃၇၆.၇၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၉၉၅ | ၀.၉၉၅ | ||
ကီလို | ၁၇၅၆.၅၃၀ | ၁၇၅၆.၅၃၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၃.၅၀၁ | ၀.၀၀၀ | ၃.၅၀၁ | |
ကီလို | ၄၇၀၆.၆၇၀ | ၀.၀၀၀ | ၄၇၀၆.၆၇၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၁.၇၇၄ | ၁.၇၇၄ | ||
ကီလို | ၄၅၁၂.၂၅၀ | ၄၅၁၂.၂၅၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၄၇၁ | ၀.၄၇၁ | ||
ကီလို | ၆၁၅.၆၀၀ | ၆၁၅.၆၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၉၁ | ၀.၀၉၁ | ||
ကီလို | ၁၁၁.၂၅၀ | ၁၁၁.၂၅၀ | ||||
၂၀ | မြေပဲဆံ | US$ | ၁.၃၁၄ | ၃.၈၂၇ | ၅.၁၄၁ | |
ကီလို | ၁၅၂၇.၆၀၀ | ၃၉၆၄.၀၅၀ | ၅၄၉၁.၆၅၀ | |||
၂၁ | အခြားပဲ | US$ | ၀.၅၁၂ | ၀.၀၀၀ | ၀.၅၁၂ | |
ကီလို | ၉၁၂.၆၄၄ | ၀.၀၀၀ | ၉၁၂.၆၄၄ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၃၀၉.၀၅၃ | ၉၄.၀၀၅ | ၄၀၃.၀၅၈ | ||
ကီလို | ၃၉၁၉၈၇.၈၉၃ | ၁၃၉၅၇၉.၉၆၇ | ၅၃၁၅၆၇.၈၆၀ |