မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၁၆-၉-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၆၁၁၅၂၉.၅၀၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၉၃.၅၆၀)သန်း၊ နယ်စပ်မှ (၁၄၂၅၈၇.၂၉၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၆.၅၈၉)သန်း၊ စုစုပေါင်း (၇၅၄၁၁၆.၈၀၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၉၀.၁၄၉)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁၆-၉-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၁၆-၉-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၁၇၉.၄၆၀ | ၆.၆၀၃ | ၁၈၆.၀၆၃ | |
ကီလို | ၂၁၁၁၈၉.၁၆၇ | ၆၉၆၈.၀၁၀ | ၂၁၈၁၅၇.၁၇၇ | |||
၂ | ပဲတီစိမ်း | US$ | ၁၇၉.၅၉၄ | ၆၅.၆၀၄ | ၂၄၅.၁၉၈ | |
ကီလို | ၂၂၅၂၄၇.၂၂၁ | ၉၃၂၀၁.၀၂၃ | ၃၁၈၄၄၈.၂၄၄ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၄၁.၃၉၆ | ၀.၁၇၈ | ၄၁.၅၇၄ | |
ကီလို | ၅၂၁၆၅.၂၄၂ | ၂၆၃.၅၀၀ | ၅၂၄၂၈.၇၄၂ | |||
၅ | ကုလားပဲ | US$ | ၁၂.၀၀၇ | ၀.၀၂၇ | ၁၂.၀၃၄ | |
ကီလို | ၁၇၂၅၂.၈၉၃ | ၄၃.၀၀၀ | ၁၇၂၉၅.၈၉၃ | |||
၆ | ပဲလွန်းဖြူ | US$ | ၁၄.၅၇၃ | ၁.၃၄၇ | ၁၅.၉၂၀ | |
ကီလို | ၁၉၇၈၁.၃၄၇ | ၃၂၅၇.၇၅၃ | ၂၃၀၃၉.၁၀၀ | |||
၇ | မြေထောက်ပဲ | US$ | ၂၂.၆၄၄ | ၈.၀၁၉ | ၃၀.၆၆၃ | |
ကီလို | ၂၉၁၆၉.၄၉၄ | ၁၂၇၁၂.၄၆၁ | ၄၁၈၈၁.၉၅၅ | |||
၈ | ထောပတ်ပဲ | US$ | ၁၅.၅၉၇ | ၃.၀၃၃ | ၁၈.၆၃၀ | |
ကီလို | ၁၈၀၃၅.၈၂၂ | ၅၅၉၈.၈၅၀ | ၂၃၆၃၄.၆၇၂ | |||
၉ | ပဲယင်း | US$ | ၁၃.၈၅၃ | ၃.၃၆၂ | ၁၇.၂၁၅ | |
ကီလို | ၁၈၇၄၇.၃၀၈ | ၇၂၈၂.၆၀၀ | ၂၆၀၂၉.၉၀၈ | |||
၁၀ | ပဲကြီး | US$ | ၃.၀၇၆ | ၁.၂၅၈ | ၄.၃၃၄ | |
ကီလို | ၄၃၂၃.၁၇၀ | ၂၃၀၀.၄၂၀ | ၆၆၂၃.၅၉၀ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၂၂၄ | ၂.၂၂၄ | ||
ကီလို | ၃၃၈၇.၁၃၅ | ၃၃၈၇.၁၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၄၁၆ | ၀.၀၀၀ | ၀.၄၁၆ | |
ကီလို | ၆၂၈.၇၀၀ | ၀.၀၀၀ | ၆၂၈.၇၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၉၉၅ | ၀.၉၉၅ | ||
ကီလို | ၁၇၅၆.၅၃၀ | ၁၇၅၆.၅၃၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၆.၆၂၁ | ၀.၀၀၀ | ၆.၆၂၁ | |
ကီလို | ၈၈၀၈.၄၁၀ | ၀.၀၀၀ | ၈၈၀၈.၄၁၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၁.၇၇၄ | ၁.၇၇၄ | ||
ကီလို | ၄၅၁၂.၂၅၀ | ၄၅၁၂.၂၅၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၄၇၀ | ၀.၄၇၀ | ||
ကီလို | ၆၁၅.၆၀၀ | ၆၁၅.၆၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ||||
ကီလို | ||||||
၂၀ | မြေပဲဆံ | US$ | ၁.၃၁၄ | ၃.၉၁၉ | ၅.၂၃၃ | |
ကီလို | ၁၅၂၇.၆၀၀ | ၄၀၇၅.၃၀၀ | ၅၆၀၂.၉၀၀ | |||
၂၁ | အခြားပဲ | US$ | ၀.၅၄၀ | ၀.၀၀၀ | ၀.၅၄၀ | |
ကီလို | ၉၄၃.၃၁၄ | ၀.၀၀၀ | ၉၄၃.၃၁၄ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၄၉၃.၅၆၀ | ၉၆.၅၈၉ | ၅၉၀.၁၄၉ | ||
ကီလို | ၆၁၁၅၂၉.၅၀၈ | ၁၄၂၅၈၇.၂၉၇ | ၇၅၄၁၁၆.၈၀၅ |