ဖေဖော် ဝါရီလ ၁၅ မှ ၂ဝ ရက်ထိ ကာလ အတွင်း မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှ အကောက် ခွန်မဲ့ ပစ္စည်း ကျပ် ၁၃၆ သန်း ကျော်ဖိုး စစ်ဆေး တွေ့ရှိ

ဗုဒ္ဓဟူးနေ့ ၂၇ ဖေဖော်ဝါရီလ ၂၀၁၃ 15:30 PM

မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှာ ဖေဖော် ဝါရီလ ၁၅ ရက်မှ ၂ဝ ရက်ထိ ကာလ အတွင်း အကောက် ခွန်မဲ့ ပစ္စည်း ကျပ် ၁၃၆ ဒသမ ၁၅၆ သန်းဖိုး စစ်ဆေး တွေ့ရှိ ခဲ့ရ ပါတယ်။ ဖေဖော် ဝါရီလ ၈ ရက်မှ ၁၄ ရက်ထိ ကာလ အတွင်း ကျပ်သန်း ၁၁၇ နီးပါး တန်ဖိုး ရှိ အကောက်ခွန်မဲ့ ပစ္စည်းများ စစ်ဆေး တွေ့ရှိ ခဲ့ရာ ယခု အပတ်မှာ ကျပ် ၁၉ သန်းကျော် ပိုမို ရှာဖွေ တွေ့ရှိ ခဲ့ရ ပါတယ်။ ဇန်န ဝါရီလ ၂၁ ရက်မှ ဖေဖော် ဝါရီလ ၂ဝ ရက်ထိ ကာလ အတွင်း မှာ ကျပ် ၄ဝ၄ သန်း ကျော်ဖိုး စစ်ဆေး တွေ့ရှိ ခဲ့တယ် လို့ သိရ ပါတယ်။

ဖေဖော် ဝါရီလ ၁၅ ရက်မှ ၂ဝ ရက်ထိ ကာလ အတွင်း Mobile Team အဖွဲ့-၂ မှ ရှာဖွေ တွေ့ရှိ ခဲ့ရတဲ့ အကောက် ခွန်မဲ့ ပစ္စည်းတွေ ကတော့ အရက်၊ ဘီယာ၊ အချိုရည်၊ အချိုမှုန့်၊ Milo ၊ Coffee Mix ၊ နို့ဆီ၊ Shark ဖြူ အချိုရည် သံဗူး၊ ပဲနို့ ကိတ်၊ ငံပြာရည်၊ ဆော့စ်၊ ခေါက်ဆွဲခြောက်၊ ကျောက်ကျောမှုန့်၊ ၉၂ ကွမ်းစား ဆေး၊ CP တံဆိပ်ပါ ကြက်သဲ ကြက်မြစ်၊ ပုစွန်ဖြူ၊ ကိတ်မုန့်၊ အလှကုန်၊ ရေမွှေး၊ ဆံပင် ဆိုးဆေး၊ အဝတ် အထည်များ၊ စာအုပ်များ၊ Pilot Colour Pen ၊ Snow Towel ၊ အိုးဖာ တိတ်၊ တံခါး လက်ကိုင်၊ ရေပိုက် ခေါင်း၊ ဆန်စက် သုံး Rubber Roller ၊ Steel Structure ၊ တံခါး ပတ္တာ၊ ကြွေပြား၊ ခြင်ထောင် ဇာ၊ ကျွတ်ကျွတ် အိတ်၊ ကော်ဖြတ် စက်သုံး ဇကာ၊ ကော်ဖြတ် စက်သုံး ဓား၊ အသားကင် ဇကာပြား၊ အားဖြည့် အစာနဲ့ ဆေးဝါး များ၊ Ersure, Multivitamins, Cypromed-P, Penicilim Vpotassium, Tetracyclire, Hirudoid , ငါးမွေးကန် အပါ အဝင် Honda Pacific Coast-800 CC အဟောင်း တစ်စီးတို့ ဖြစ်ကြ ပါတယ်။ စစ်ဆေး တွေ့ရှိ ရတဲ့ အကောက် ခွန်မဲ့ ပစ္စည်း တွေဟာ Duty ယာဉ်များ မှာ ID ထက် ပိုမို သယ်ဆောင် ခြင်း၊ အခြား ပစ္စည်းများ အောက်မှာ ဝှက်သယ်ဆောင် လာခြင်း များ ရှိသလို ခရီးသည်တင် မှန်လုံယာဉ် များမှာ ဘာစာရွက် စာတမ်း အထောက် အထား တစ်စုံ တစ်ရာ မပါရှိဘဲ သယ်ဆောင် လာခြင်း များ ဖြစ်ကြ ပါတယ်။

ကုန်သည် လုပ်ငန်းရှင် များအနေနဲ့ နိုင်ငံတော်နဲ့ မိမိ တို့ရဲ့ အကိုျး စီးပွားကို မထိခိုက်အောင် ဝိုင်းဝန်း တားဆီး ကြဖို့နဲ့ တာဝန် ရှိသူ များကို သတင်း ပေးကြဖို့ လိုပါတယ်။ တရား မဝင် ကုန်သွယ် နေသူများ အနေနဲ့ လည်း တာဝန် သိစိတ်နဲ့ တရားဝင် ကုန်သွယ်မှု လမ်းကြောင်း များမှ ကုန်သွယ် ကြဖို့ လိုနေပြီ ဖြစ်ပါတယ်။

Source : လရ-၂----MTN