NATIONAL HANDICRAFT, HANDLOOM AND FOOD EXHIBITION သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ကြား

၂၀၂၃ ခုနှစ်၊ ဧပြီလ ၃

   အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးပြည်နယ်၊ ချန်နိုင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Chennai Vizha- National Handicraft, Handloom and food Exhibition သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင် ကြောင်း ဖိတ်ကြားလာပါသည်။

   အဆိုပါပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ဒေသထွက်အစားအစာများ၊ လက်မှုပစ္စည်းများ၊ လက်ရက်ထည်များနှင့် ရိုးရာထည်များပြသနိုင်ပါကြောင်း၊  ပါဝင်ပြသလိုသည့် လုပ်ငန်းရှင်များအား ပြခန်းများလည်း စီစဉ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပါဝင်ပြခြင်းဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်း များနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများအပြင် ရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ် ဆက်နိုင်ကြောင်း သတင်းရရှိသည်။